Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
28 Oct 2020 Myanmar Quarterly ကချင်တိုင်းရင်းသားတို့အတွက် ၂၀၂၀ ပြည့်နှစ် အနာဂတ်အမြော်အမြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို အနိုင်ရပြီး အရပ်သားဦးဆောင်တဲ့ အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်ခဲ့တာဟာဖြင့် အခု ဆိုရင် သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုလိုအချိန်ကာလမှာ ကချင်တိုင်းရင်းသားတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်သုံးသပ်ဖို့ လိုအပ်သလို၊ မိမိတို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ပါဝင်နိုင်မယ့် ပြည်ထောင်စုနိုင်ငံတခု ဖြစ်ပေါ်လာရေးအတွက် အကောင် အထည်ဖော်ရာမှာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ ဘယ်လိုဖြစ်နိုင်ခြေတွေ၊ အခွင့် အလမ်းတွေ ရနိုင်မလဲဆိုတာ ကြိုတင်ရည်မျှော်စိတ်ကူးဖို့ လိုအပ်ပါတယ်။ ကချင်တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကို ပူးတွဲတည်ထောင်ခဲ့သူတွေ ဖြစ်လင့် ကစား၊ စစ်မှန်တဲ့အာဏာခွဲဝေမှုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ စတင်ဖြစ်တည်ခဲ့စဉ် ကနေ ယနေ့အထိ ဝေးကွာနေဆဲဖြစ်ပါတယ်။ အဲဒီလို ဝေးကွာနေစေတဲ့ အတားအဆီးတွေကို ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းကြီး […]
28 Oct 2020 Myanmar Quarterly မော်ဒန်ခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်သင့်သလဲ အချီး လူမှာ ရုပ်နဲ့နာမ် ရှိတယ်။ ဗုဒ္ဓဘာသာဟာ နာမ် (ဝါ) စိတ်ကိုဟောတဲ့ တရားပဲ။ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရေးတရား မဟုတ်ဘူး။ သို့သော် ခက်နေတာက အဲဒီနှစ်ခုမှာ ထိုဟာက ဘယ်မှာဆုံးပြီး ဤဟာက ဘယ်မှာစတာလဲ။ ဘာသာတရားရယ်လို့ အမည်တပ်ပြီး အကြမ်းဖက်ခြင်းများ ကျူးလွန်နေကြတဲ့ ခေတ် ကာလ၊ ထိုကာလကြီးထဲမှာ ဘာသာရေးသွေးခုန်ခြင်းရဲ့ မည်းမှောင်တဲ့ဘက်ခြမ်းကို ဘာသာရေး အဖွဲ့အစည်းဟာ မိမိအလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်မလား။ စိတ်ပိုင်း ထိုးထွင်းသိမြင်မှုများ စိတ်အင်အား ပျောက်ဆုံးနေရာ ထိုကြိုးမျှင်များကို ပြန်ဆက်နိုင်မှာလား။ သို့သော် ဘာသာတရား သည် တကယ်တမ်း၌ လူအား တီထွင်ဆန်းသစ်စေနိုင်သော၊ အမြော်အမြင်ရှိစေသော၊ လွတ် မြောက်စေသော အရာလည်း ဖြစ်သည်။ ‘ဖြစ်ရှိနေသည်များကို ပို၍ ကြည်လင်စွာမြင်လျှင်’ မျှော် လင့်စရာရယ်လို့ […]
29 Mar 2018 Politics အထောက်အကူ ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ရှာဖွေခြင်း – ကင်ညာမှ အရပ်ဘက်အဖွဲ့အစည်းများ ရုန်းကန်ခဲ့ရသည့် ကာလများ The Myanmar Quarterly အတွဲ ၁ တွင် ဖော်ပြခဲ့သော (ဦး) အောင်သူငြိမ်း၏ Outlook of Rulers: Tactics for Controlling Civil Society Organizations and Protests အုပ်ချုပ်သူများ ဘက်မှအမြင် – အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်းနိသျှည်း ဆောင်းပါးကို ကင်ညာနိုင်ငံမှ အခြေအနေများနှင့် နှိုင်းဆဆင်ခြင် စဉ်းစားကြည့်ခြင်း။ ■ နောက်ခံသမိုင်းကြောင်း အချက်အလက်များ ကင်ညာနိုင်ငံသည် အာဖရိကတိုက် အရှေ့ဖက် ကမ်းရိုးတန်း၊ အီကွေတာအနီးတွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်၌ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့ကာ ခါးသီးလှသည့် အမျိုးသားရေးဝါဒီ လွတ်မြောက်ရေး ရုန်းကန် လှုပ်ရှားမှုများ နောက်ပိုင်း ၁၉၆၄ ခုနှစ်၌ […]
16 Jul 2017 Myanmar Quarterly ဒီမိုကရေစီဟာ ဆွေးနွေး တိုင်ပင်ကြခြင်း ဖြစ်သည် ကိုတာ ၁ ၁။ ဆွေးနွေး တိုင်ပင်ကြပြီး တိုင်းပြည်ကို တည်ဆောက်ကြရတာပါပဲဟု ပြောလျှင် မှားမည်မထင်။ ဒီမိုကရေစီ တိုင်းပြည်များမှာ ဖြစ်သည်။ ဒီမိုကရေစီဟာ ဆွေးနွေးတိုင်ပင်ခြင်းပဲ democracy is a discussion ဟူသော စကားရှိပါသည်။ သို့သော် ဘယ်လို တိုင်ပင်ဆွေးနွေးမလဲ။ ၂။ တချို့က တွန်းတဲ့နည်း (Push) ကို သုံးကြသည်။ အီလိတွေ၌ “အနာဂတ်ကတော့ဖြင့် ဒီလိုပဲဖြစ်သင့်တယ်” ဟူသော အတွေးအခေါ် အိုင်ဒီယာတစ်ခု ရှိသည်ဆိုပါစို့။ မိမိလမ်းကို ထောက်ခံသူတွေ ရအောင်လုပ်သည်။ အာဏာသုံးသည်။ ငွေ၊ လက်နက် စသည် သုံးပြီး တွန်းသည်။ သို့သော် တွန်းတာများလျှင် ပြန်တွန်းခံရသည်။ ဒါနဲ့ပဲ စိတ်ပျက်စရာ ဖြစ်လာသည်။ အားကုန်သည်။ ရွေ့တော့ မရွေ့။ […]
20 Jun 2017 Myanmar Quarterly နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ် နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ် ကျော်ကျော်ငြိမ်းချမ်း ၁ နိုင်ငံရေးနဲ့ လူမှုသိပ္ပံဘာသာရပ် နယ်ပယ်မှာ အာဏာ(သို့) နိုင်ငံရေးအာဏာနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိကြပါတယ်။ ယေဘုယျ ဖွင့်ဆိုချက် တစ်ခုက “လူ့ဘောင် အသိုင်းအဝိုင်းအတွက် လူထုအရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်တဲ့၊ ပေါ်လစီမူဝါဒတွေကို ချမှတ် လုပ်ဆောင်နိုင်တဲ့ လူအသိုင်းအဝိုင်း တစ်ခုထဲက လူတစ်စုက ကိုင်စွဲထားတဲ့ လုပ်ပိုင်ခွင့် အာဏာ” ၂ လို့ ဆိုပါတယ်။ အကြမ်းမဖက် လူထုလှုပ်ရှားမှုများဆိုင်ရာ ဂုရုတစ်ပါးဖြစ်တဲ့ ဒေါက်တာဂျင်းရှပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ဒီလိုပါ။ “နိုင်ငံရေးအာဏာ ဆိုသည်မှာ အထူးသဖြင့် လက်ရှိ အာဏာပိုင်အစိုးရ၊ နိုင်ငံတော်နှင့် သြဇာအာဏာရှိ အတိုက်အခံများက မိမိတို့ အာဏာရရှိရေး ရည်မှန်းချက်များ အောင်မြင် […]
20 Jun 2017 Myanmar Quarterly တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း ဇူနက်တာ ဟားဘတ် ၁ ■ နိဒါန်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဆန္ဒရှိသည့် အကြောင်းအရာများအနက် တစ်ခုမှာ “တရားဥပဒေ စိုးမိုးရေး” ဖြစ်ပြီး မြန်မာပြည်အတွက် ဦးစားပေး ကိစ္စတစ်ခု ဖြစ်ကြောင်း ယခင်ကတည်းက ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ “တရားဥပဒေ စိုးမိုးရေး”ဟူသည့် စကားလုံးမှာလည်း ၂၀၁၂ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော လွှတ်တော် ကော်မတီတစ်ခု ဖြစ်သည့် “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ”၏ ခေါင်းစဉ်အမည်တွင် ပါဝင်သည့် စကားလုံးဖြစ်ကာ၊ ရွေးကောက်ပွဲ ကာလကတည်းက NLD ပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပြင် တိုင်းဒေသကြီးနှင့် […]