Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
2 Nov 2017 China Studies တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင် ဝမ်ချီစမ်းသည် ပါတီတွင်း ကျင့်ထုံးတခု ဖြစ်သည့် အသက် ၆၇ တွင် အနားယူရသည့် အစဉ်အလာကို ကျော်လွန်ပြီး ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ဆက်လက် ပါဝင်ခြင်း ရှိမရှိတို့ ဖြစ်သည်။ ထိုမေးခွန်းများ၏ အဖြေကို ခုနစ်ရက်ကြာ ပါတီညီလာခံ၏ အပြီးသတ်တွင် […]
31 Oct 2017 Conflict, Peace & Security ၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေးနှစ်ဆိုတာ ဖြစ်လာမလား ” ငြိမ်းချမ်းရေး ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ” အစရှိသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အယ်ဒီတာစကားဝိုင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်တွင် DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အစီအစဉ်၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်မှ အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးသည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ Source – DVB TV News
13 Oct 2017 Conflict, Peace & Security ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်အပေါ် သုံးသပ်ခြင်း ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အစိုးရ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သုံးသပ်ချက် အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်းကို DVB သတင်းဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး DVB TV News Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ထိုစကားဝိုင်းတွင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ဝင်ရောက် ဆွေးနွေးခဲ့သည်။ Source – DVB TV News
7 Sep 2017 Conflict, Peace & Security ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သုံးသပ်ချက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် သမ္မတဦးထင်ကျော်ထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး အားနည်းချက်၊ အာသာချက်များအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား DVB သတင်းဌာနက မေးမြန်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။ ဦးအောင်သူငြိမ်း၏ ဖြေကြားချက်များကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
13 Aug 2017 Conflict, Peace & Security တိုက်ပွဲမှာညီ တိုက်ပွဲပြီးကွဲ ဘာကြောင့်လဲ ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလ ကရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ လွတ်လပ်ရေးရပြီးတဲ့နောက် ပြိုကွဲသွားခဲ့သလို၊ ရှစ်လေးလုံး အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကာလက ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း အခုအချိန်မှာ မှေးမှိန်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ အဲဒီ စည်းလုံးညီညွတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း ပြန်လည်တည်ဆောက်သင့်သလဲဆိုတာ မြန်မာ့အရေးသုတေသီ ဦးမင်းဇင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ရှစ်ဆယ့်ရှစ်မှာ ပြည်သူလူထုတရပ်လုံး မျှော်မှန်းခဲ့ကြတဲ့ မျှော်မှန်းချက်တွေကတော့ အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် အဓိက ဖြစ်ပါတယ်။ မဆလ အစိုးရ ပြုတ်သွားခဲ့တာကတော့ လောလောဆယ် လတ်တလော အောင်မြင်မှု ရခဲ့တယ်ပေါ့။ ဒါပေမဲ့ ရေရှည်မှာ အာဏာရှင်စနစ် ပြုတ်ကျပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားကြရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတယ် ထင်ပါတယ်။ […]
31 Jul 2017 Conflict, Peace & Security ကိုယ့်နိုင်ငံရဲ့ ကိစ္စတွေကို ဘာဖြစ်လို့ နိုင်ငံတကာကိုထွက်ပြီးတော့ မရှင်းပြနိုင်ရတာလဲ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ၏ ခရီးစဉ်အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဂယက်ရိုက်ခဲ့သည့် အခြေအနေများအပေါ် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား Eleven Broadcasting မေးမြန်းပြီး ထုတ်လွှင့်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်။
31 Jul 2017 Myanmar Quarterly ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက် နိုင်ငံတော်အဆင့်ဌာနတခု ထားရှိရင်ကောင်းမယ်လို့ အကြံပြုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံက တူးမြောင်းနဲ့ မြစ်ချောင်းများကို စီမံခန့်ခွဲမှုအတွက် ဗဟိုအာဏာပိုင် ဌာနတခု (Central Water Agency) တခု ဖြစ်ပေါ်လာရေး အဆိုက နီးစပ်လာနေပြီ ဆိုပြီး သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုအခါမှာ ရေလွှမ်းမိုးမှုကြောင့် နေရာဒေသအများမှာ လူပေါင်းတသိန်းကျော် ဒုက္ခခံစားနေရတယ်၊ နောက်ထပ်လည်း […]
26 Jul 2017 Governance studies နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေးနှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု အာဖဂန်နစ္စတန် သမ္မတ အာရှရပ် ဂါနီ (Ashraf Ghani) အကြောင်းကို The New Yorker ဂျာနယ်မှာ ဖတ်ရတယ်။ သူက ထူးခြားတဲ့သူ၊ ဘာဖြစ်လို့လဲ ဆိုတော့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း” (Fixing Failed States: A Framework for Rebuilding a Fractured World”) ဆိုတဲ့ စာအုပ်ကိုရေးခဲ့ဖူးတဲ့သူ၊ ကျရှုံးနိုင်ငံများအကြောင်းဆိုင်ရာ သိရှိကျွမ်းကျင် သူလို့လည်း ဆိုနိုင်တယ်။ သူ ကိုယ်တိုင်က မတည်မငြိမ်မှုတွေ၊ စစ်ပွဲပဋိပက္ခတွေများတဲ့ နိုင်ငံရေးအရ အလွန်တရာ မတည် မငြိမ်နိုင်လှတဲ့ အာဖဂန် နစ္စတန်လို နိုင်ငံမျိုးမှာ သမ္မတ ဖြစ်လာခဲ့တယ်။ သူရေးခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ပြန်ပြီး လက်တွေ့ အ သုံးချနိုင်ပါ့မလား.. သူ့နိုင်ငံကိုလည်း […]
22 Jul 2017 Politics ဒီမိုကရေစီ အစိုးရသစ်နဲ့ တပ်မတော် ဆက်ဆံရေး ဒီမိုကရေစီ အစိုးရသစ်နှင့် တပ်မတော် ဆက်ဆံရေးအပေါ် ဆွေးနွေးခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ဇူလိုင် ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်း၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ပါဝင် ဆွေးနွေးခဲ့သည်။
10 Jul 2017 Conflict, Peace & Security ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ […]