ISP Products

Media Room

8 Jul 2018

ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show)

ဇူလိုင် ၈ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခဲ့သည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ ပွဲဦးထွက်အစီအစဉ်တွင် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီး အရှင် သောဘိတ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး၊ စာရေးဆရာမ ဂျူး၊ Myanmar Information Technology Pte.Ltd. ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်၊ ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ Ecodev Myanmar […]
6 Apr 2018

သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018

၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်မလား

မွန်ပြည်သစ် ပါတီနှင့် လားဟူအဖွဲ့တို့က တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးမည်ဟု ကြေညာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်သော အကြောင်းအရာများကို DVB အယ်ဒီတာ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်တွင် DVB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး စကားဝိုင်း အစီအစဉ်၌ ဦးမောင်မောင်စိုး၊ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာတဦး ဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။  
11 Dec 2017

တရုတ် စီမံကိန်းတွေကို ဘယ်လို ကိုင်တွယ်မလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်၊ မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ သတိပြုစရာ အချက်များ၊ ကြိုတင် ပြင်ဆင်သင့်သည်များ အပေါ် ဆွေးနွေးခဲ့ကြသည့် မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့ပါသည်။ MCN သတင်းဌာနက စီစဉ်ရိုက်ကူးခဲ့သည့် ထိုအစီအစဉ်၌ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ […]
4 Dec 2017

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှ အရေးသနည်း ဆိုသော အကြောင်းအရာနှင့် ပတ်သက်သည့် DVB Debate အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်တွင် DVB သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်၌ စာရေးဆရာ ဦးဟိန်းလတ်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးအေးမောင်ကျော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းတို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှု နိုင်ပါသည်။  
1 Dec 2017

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သုံးသပ်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ် အခြေအနေနှင့် မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ယနေ့ မွန်းတည့်ချိန်တွင် ရိုက်ကူးခဲ့ပြီး DVB Facebook စာမျက်နှာ၌ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
22 Nov 2017

ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ရခိုင်အရေး

အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် မကြာသေးမီ ရက်များအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတကာ အစည်းအဝေးများ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှု ကျဆင်းစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော အရာများနှင့် လုပ်ဆောင်သင့်သည့် အကြံပြု အကြောင်းအရာများအပေါ် ဆွေးနွေးခြင်းကို  “မျက်မှောက်ရေးရာ သုံးသပ်စရာ” အစီအစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက်တွင် MCN သတင်းဌာနက ရိုက်ကူးခဲ့ပါသည်။ ထိုအစီအစဉ်ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ထုတ်လွှင့်ခဲ့သည်။ စကားဝိုင်း အစီအစဉ်၌ မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ […]
10 Nov 2017

ရွေးကောက်ပွဲ နှစ်နှစ်အလွန် ဘာတွေ ပြောင်းလဲပြီလဲ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပြီး၊ ရွေးကောက်ပွဲ နှစ်နှစ်အလွန် ကာလ အပြောင်းအလဲများအပေါ် DVB သတင်းဋ္ဌာန၏ အပတ်စဉ် ကဏ္ဍဖြစ်သည့် အယ်ဒီတာ စကားဝိုင်း အစီအစဉ်တွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးမှုကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက DVB TV News ၏ Facebook စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ကာ စကားဝိုင်း၌ DVB သတင်းဋ္ဌာနမှ ဦးတိုးဇော်လတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်တို့နှင့်အတူ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အယ်ဒီတာ စကားဝိုင်း အပြည့်အစုံကို […]