Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
4 Dec 2017 China Studies ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှ အရေးသနည်း ဆိုသော အကြောင်းအရာနှင့် ပတ်သက်သည့် DVB Debate အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်တွင် DVB သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်၌ စာရေးဆရာ ဦးဟိန်းလတ်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးအေးမောင်ကျော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းတို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှု နိုင်ပါသည်။
3 Dec 2017 China Studies ရခိုင်အကျပ်အတည်းကြားက မြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေး ရခိုင်ပြည်နယ် အရေးကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဖိအားတွေ တိုးလာနေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်ပြည်က ပြန်ရောက်လာလာချင်းဆိုသလိုပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ညီလာခံကိုတက်ဖို့ ဘေဂျင်းမြို့တော်ကို သွားမယ့်အကြောင်း ကြေညာခဲ့တာပါ။ ရခိုင်ပြည်နယ် အရေးကြောင့် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နေပြီလဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အရှေ့နဲ့အနောက် ဘယ်သူက ပိုအရေးကြီးလာနေပြီလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။ အဆိုပါ အစီအစဉ်တွင် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဆွးနွေးခန်း […]
2 Nov 2017 Conflict, Peace & Security NCA စာချုပ်အလွန် အားနည်းချက် (သို့မဟုတ်) JICM အစည်းအဝေး ခေါ်ယူရန် နှောင့်နှေးမနေသင့် တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားမှာ (NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ) ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားနည်းချက်တွေအပေါ် ပြောဆိုခဲ့ရာမှာ အဓိကထား ပြောခဲ့တာ တခုရှိပါတယ်။ “NCA စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နေတဲ့ အချိန်မှာ အဓိက အားနည်းချက် တခုက JICM အစည်းအဝေးကို ပုံမှန်ခေါ်ယူ ကျင်းပနိုင်ခြင်းမရှိတဲ့ ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။ NCA စာချုပ်အရ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို […]
31 Oct 2017 Conflict, Peace & Security ၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေးနှစ်ဆိုတာ ဖြစ်လာမလား ” ငြိမ်းချမ်းရေး ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ” အစရှိသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အယ်ဒီတာစကားဝိုင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်တွင် DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အစီအစဉ်၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်မှ အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးသည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ Source – DVB TV News
18 Oct 2017 China Studies တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော် တက်ရောက်မည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်ပါတီ ညီလာခံကို မြို့တော်ဘေဂျင်းတွင် ယနေ့စတင်လိုက်ပြီး တစ်ကမ္ဘာလုံးမှ တရုတ်အရေးလေ့လာသူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏ ခေါင်းဆောင်နေရာနှင့် အခြား အရေးပါသော နေရာများအတွက် တာဝန်ယူမည့်ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုသည်။ နောက် ငါးနှစ်တာ ကာလအတွက် ပါတီနှင့် နိုင်ငံကို ဦးဆောင်မည့် မူဝါဒများ လမ်းညွန်ချက်များကို အတည်ပြုချမှတ်သည်။ ၁၉၈၂ ခုနှစ်တွင် ပါတီ ဥက္ကဌရာထူးကို ဖျက်သိမ်းပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသူ ဖြစ်လာပြီး ၎င်းကို ပါတီညီလာခံမှ တဆင့် ငါးနှစ်တကြိမ် ရွေးချယ်လေ့ရှိသည်။ ထို့အပြင် အခြားအရေးပါသော နေရာများဖြစ်သည့် ဗဟိုကော်မတီဝင် […]
13 Oct 2017 Conflict, Peace & Security ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်အပေါ် သုံးသပ်ခြင်း ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အစိုးရ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သုံးသပ်ချက် အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်းကို DVB သတင်းဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး DVB TV News Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ထိုစကားဝိုင်းတွင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ဝင်ရောက် ဆွေးနွေးခဲ့သည်။ Source – DVB TV News
7 Sep 2017 Conflict, Peace & Security ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သုံးသပ်ချက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် သမ္မတဦးထင်ကျော်ထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး အားနည်းချက်၊ အာသာချက်များအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား DVB သတင်းဌာနက မေးမြန်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။ ဦးအောင်သူငြိမ်း၏ ဖြေကြားချက်များကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
13 Aug 2017 Conflict, Peace & Security တိုက်ပွဲမှာညီ တိုက်ပွဲပြီးကွဲ ဘာကြောင့်လဲ ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလ ကရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ လွတ်လပ်ရေးရပြီးတဲ့နောက် ပြိုကွဲသွားခဲ့သလို၊ ရှစ်လေးလုံး အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကာလက ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း အခုအချိန်မှာ မှေးမှိန်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ အဲဒီ စည်းလုံးညီညွတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း ပြန်လည်တည်ဆောက်သင့်သလဲဆိုတာ မြန်မာ့အရေးသုတေသီ ဦးမင်းဇင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ရှစ်ဆယ့်ရှစ်မှာ ပြည်သူလူထုတရပ်လုံး မျှော်မှန်းခဲ့ကြတဲ့ မျှော်မှန်းချက်တွေကတော့ အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် အဓိက ဖြစ်ပါတယ်။ မဆလ အစိုးရ ပြုတ်သွားခဲ့တာကတော့ လောလောဆယ် လတ်တလော အောင်မြင်မှု ရခဲ့တယ်ပေါ့။ ဒါပေမဲ့ ရေရှည်မှာ အာဏာရှင်စနစ် ပြုတ်ကျပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားကြရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတယ် ထင်ပါတယ်။ […]
31 Jul 2017 Conflict, Peace & Security ကိုယ့်နိုင်ငံရဲ့ ကိစ္စတွေကို ဘာဖြစ်လို့ နိုင်ငံတကာကိုထွက်ပြီးတော့ မရှင်းပြနိုင်ရတာလဲ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ၏ ခရီးစဉ်အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဂယက်ရိုက်ခဲ့သည့် အခြေအနေများအပေါ် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား Eleven Broadcasting မေးမြန်းပြီး ထုတ်လွှင့်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်။
31 Jul 2017 Myanmar Quarterly ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက် နိုင်ငံတော်အဆင့်ဌာနတခု ထားရှိရင်ကောင်းမယ်လို့ အကြံပြုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံက တူးမြောင်းနဲ့ မြစ်ချောင်းများကို စီမံခန့်ခွဲမှုအတွက် ဗဟိုအာဏာပိုင် ဌာနတခု (Central Water Agency) တခု ဖြစ်ပေါ်လာရေး အဆိုက နီးစပ်လာနေပြီ ဆိုပြီး သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုအခါမှာ ရေလွှမ်းမိုးမှုကြောင့် နေရာဒေသအများမှာ လူပေါင်းတသိန်းကျော် ဒုက္ခခံစားနေရတယ်၊ နောက်ထပ်လည်း […]
26 Jul 2017 Governance studies နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေးနှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု အာဖဂန်နစ္စတန် သမ္မတ အာရှရပ် ဂါနီ (Ashraf Ghani) အကြောင်းကို The New Yorker ဂျာနယ်မှာ ဖတ်ရတယ်။ သူက ထူးခြားတဲ့သူ၊ ဘာဖြစ်လို့လဲ ဆိုတော့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း” (Fixing Failed States: A Framework for Rebuilding a Fractured World”) ဆိုတဲ့ စာအုပ်ကိုရေးခဲ့ဖူးတဲ့သူ၊ ကျရှုံးနိုင်ငံများအကြောင်းဆိုင်ရာ သိရှိကျွမ်းကျင် သူလို့လည်း ဆိုနိုင်တယ်။ သူ ကိုယ်တိုင်က မတည်မငြိမ်မှုတွေ၊ စစ်ပွဲပဋိပက္ခတွေများတဲ့ နိုင်ငံရေးအရ အလွန်တရာ မတည် မငြိမ်နိုင်လှတဲ့ အာဖဂန် နစ္စတန်လို နိုင်ငံမျိုးမှာ သမ္မတ ဖြစ်လာခဲ့တယ်။ သူရေးခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ပြန်ပြီး လက်တွေ့ အ သုံးချနိုင်ပါ့မလား.. သူ့နိုင်ငံကိုလည်း […]
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ