Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
18 Nov 2020 Others မြန်မာ့သမိုင်းပညာရှင်ဒေါ်ကြန် (၁၉၁၈-၂၀၁၉) အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို မောင်ဇေယျာက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် “မြန်မာ့သမိုင်းပညာရှင်ဒေါ်ကြန် တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ က ရာပြည့်သမိုင်းဒေဝီဟု တင်စားဂုဏ်ပြုခံရသော ဆရာမကြီး ဒေါ်ကြန် (မကြန်) ကွယ်လွန်ခဲ့ပါပြီ။ မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင် နှစ်ပေါင်း ၆၀ ကျော်၊ အသက် […]
8 Nov 2020 Election ၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက် အနှစ်ချုပ်ဆွေးနွေးချက် ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွက် မဲပေးခဲ့ကြပါပြီ။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ယိုယွင်းလာနေတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေနေ၊ ပိုမိုပြင်းထန်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခ အခြေနေ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနေတဲ့ အခြေနေတွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အလွန်နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွား မှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရင် လုံလောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် […]
5 Nov 2020 Election ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦး ဆန်းစစ်ခြင်း ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်တော့မည် ဖြစ်သည်။ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ပုံသဏ္ဍာန်များမှာ ယခင် ရွေးကောက်ပွဲနှစ်ကြိမ်နှင့်မတူ၊ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။ ကိုဗစ်ကာလဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မြေပြင် မဲဆွယ်နည်းထက် အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုများကို ပိုမို အသုံးပြုခဲ့ရသည်။ အွန်လိုင်းအခြေပြု (တနည်း) ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်ရာတွင် ပါတီများအနေဖြင့် နည်းလမ်းအမျိုးမျိုး သုံးကြသကဲ့သို့ ကိုယ်စားလှယ်လောင်းများသည်လည်း နည်းမျိုးစုံ သုံးကာ မဲဆွယ်မှုပြု နေ ကြသည်ကို တွေ့ရပါသည်။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အဓိက အသုံးပြုသည်မှာ Facebook ဖြစ်ပါသည်။ ၂ဝ၂ဝ ပြည့် နှစ် စက်တင်ဘာအထိ သိရှိရသော စာရင်းများအရ မြန်မာနိုင်ငံတွင် လူမှုကွန်ရက် Facebook သုံးစွဲသူ […]
4 Nov 2020 Others ဆရာဦးထွန်းလွင်သို့ အမှတ်ရခြင်း အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို ဒေါက်တာမြင့်ဇော်က ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ကျရောက်သည့် “မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်ခဲ့ခြင်း တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။ ဘဝမှာ ဒဏ်ရာတွေ ပါမှ ကဗျာတွေ လှတတ်တယ် ကဗျာတွေ အလွန်လှပေမယ့် ဒဏ်ကတော့ ပြင်းပါတယ်။ တင်မိုး ဆရာ့ကိုလွမ်းရသော အချိန်များတွင် ဆရာက […]
3 Nov 2020 Others ချည်သောကြိုးများ ဖြတ်ခဲ့ပါ… (မီဒီယာလွတ်လပ်ခွင့်နှင့် ပြောင်းလဲရမည့်ဥပဒေများ) အယ်ဒီတာမှတ်ချက် ISP-Myanmar အနေဖြင့် မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာရေးအတွက် မြော်မြင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ အစိုးရသည် လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အပြင် ပြည်သူအားလုံးပါဝင်မှုကို လမ်းဖွင့်ပေးသော အစိုးရတရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။ အဆိုပါ ဦးတည်ချက်၊ မြော်မြင်ချက်များနှင့် ပတ်သတ်၍ ရှုထောင့်စုံ အမြင်များ ထုတ်ဖော်ခွင့်ရရေး၊ ထိုအမြင်များပေါ် အခြေခံ၍ ဆီလျော် ထိရောက်မည့် မူဝါဒများ ပေါ်ထွန်း ရေးကို အားပေးပါသည်။ သို့ဖြစ်၍ ပြင်ပသုတေသီများ၊ လှုပ်ရှား ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ သဘောထားအမြင် ဆောင်းပါးများ ရေးသားရန်တောင်းခံပါသည်။ မတူကွဲပြားသည့် အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား၍ မူဝါဒများ ချမှတ်နိုင်စေရေး ရည်သန်ပါသည်။ ဆောင်းပါးများပါ အမြင်သဘောထားများမှာ ဆောင်းပါးရှင်များ၏ အာဘော်သာဖြစ်ပါသည်။ ယခုဆောင်းပါးတွင် […]
14 Aug 2020 Election မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျကိုယ်စားပြုခြင်းဆိုင်ရာ ဆင်ခြင်ယူဆချက်တချို့ ဒီမိုကရေစီမှာ နိုင်ငံရေးအရကိုယ်စားပြုမှုအကြောင်းပြောကြရင် နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကို ချိတ်ဆက်ပြောဆိုကြရမြဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲ၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်နဲ့တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနေရဆဲနိုင်ငံမှာတော့ နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဒီအခြေနေတွေကို ထင်ဟပ်သလား၊ ရွေးကောက်ပွဲတွေကရော ဒီမိုကရေစီ ခိုင်မြဲ တည်တံရေးနဲ့ အမျိုးသားရင်းကြားစေ့ ညီညွတ်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမလား ဆိုတာ စောကြောစရာကောင်းပါတယ်။ ဒီဆောင်းပါးမှာ ဆင်ခြင်အနုမာနပြုချင်တာကတော့ (၁) မြန်မာနိုင်ငံရေး ပါတီစနစ်နဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံပဋိပက္ခ တွေကို ပင်လျှင် ထင်ဟပ် ကိုယ်စားပြုနိုင်ခြင်း မရှိဘူး။ (၂) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီ ကို ခိုင်မြဲ တည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကိုလည်း ဦးတည်နိုင်ချေရှိ မရှိက တော့ အာဏာရသူတွေရဲ့ […]
16 Aug 2018 Governance studies အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွ့ဲ၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် အနှစ်ချုပ် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ၊ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရသဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒ ချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မရည်ရွယ်ချက်မှာ […]
8 Jul 2018 Yaw Min Gyi Zayat ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show) ဇူလိုင် ၈ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခဲ့သည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ ပွဲဦးထွက်အစီအစဉ်တွင် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီး အရှင် သောဘိတ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး၊ စာရေးဆရာမ ဂျူး၊ Myanmar Information Technology Pte.Ltd. ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်၊ ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ Ecodev Myanmar […]
3 Jun 2018 Myanmar Quarterly အရပ်ဘက်အဖွဲ့အစည်းတွေ (CSOs) တွေက ဘယ်သူ့ကို ကိုယ်စားပြုသလဲ၊ ဘာကြောင့်ဂရုစိုက်သင့်လဲ
6 Apr 2018 Politics သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
28 Feb 2018 China Studies တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ (သုတေသနစာတမ်း) မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ဆောင်ရွက်နေဆဲ ဖြစ်သော သုတေသနများအနက် ပထမဆုံး ထုတ်ဝေလိုက်သော သုတေသန စာတမ်း ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ အရေးပါသူများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံ၏ အမျိုးမျိုးသော ဆက်ဆံရေးများကို လေ့လာခြင်းဖြင့် ၎င်းတို့၏ အကျိုးစီးပွား လိုလားချက်များကို စာတမ်းတွင် ပုံဖော်ထားပါသည်။ သုတေသန စာတမ်း Soft copy စာအုပ်ကို Amazon Kindle Store တွင် ရရှိနိုင်ပြီး အဓိကမြို့ကြီးများရှိ စာအုပ်ဆိုင်များတွင်လည်း ကျပ် ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။
30 Dec 2017 Politics နှစ်နှစ်သား ဒီမိုကရေစီနှင့် ၂ဝ၁၈ ခုနှစ် မြန်မာ့နိုင်ငံရေး အလားအလာ ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းဂျာနယ်တွင် အိအိတိုးလွင် ရေးသားခဲ့သော သတင်းဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ တိုက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆင်နွှဲနေသည့် နိုင်ငံ အများအပြားရှိသည်။ အောင်မြင်သည့် နိုင်ငံ ရှိသလို မအောင်မြင်သည့် နိုင်ငံလည်းရှိသည်။ အောင်မြင်ပြီးနောက် ပြန်လည် ကျဆုံးသွားသော နိုင်ငံများလည်းရှိနေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲနေသည့် အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲပြီးနောက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် ၂ဝ၁၆ မတ်လ ကုန်ပိုင်းတွင် အစိုးရ အာဏာကို ရယူနိုင်ခဲ့သည်။ ယခုဆိုလျှင် နှစ်နှစ်သား အစိုးရဘဝ၊ အတိအကျပြောလျှင် တစ်နှစ်နှင့် ရှစ်လ […]
16 Dec 2017 Governance studies NLD အစိုးရအနေနဲ့ ဝန်ကြီးအပြောင်းအလဲတွေ ဒီအချိန်မှာလုပ်ရင် အသင့်တော်ဆုံးလို့ ထင်တယ် The Speaker သတင်းဂျာနယ်မှ အယ်ဒီတာချုပ် အွန်လိုင်းဝဏ္ဏက ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား မေးမြန်းခဲ့သည့် အင်တာဗျူးကို ပြန်လည် ဖော်ပြပါသည်။ အဆိုပါ အင်တာဗျူးကို ဒီဇင်ဘာ ၁၃ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၄ တွင် ဖော်ပြခဲ့သည်။ ”အစိုးရတရပ်အနေနဲ့ ဒီလောက် ချွေတာစရာ မလိုဘူးလို့ ကျနော် ထင်တယ်။ အရေးကြီးတာက ရလဒ်ပြနိုင်ဖို့ပဲ။ ရလဒ် မပြနိုင်ဘူး ဆိုရင် နောက် ရွေးကောက်ပွဲမှာ သူတို့ကို ဘယ်သူ မဲထည့်မှာလဲ။ ဒီတော့ ကိုယ်က ပိုက်ဆံ ချွေတာ မှာလား၊ ရလဒ်ပေါ်အောင် လုပ်မှာလား ဆိုတာ သေသေချာချာ စဉ်းစားဖို့ အရေးကြီးတယ်လို့ […]
11 Dec 2017 China Studies မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ချက် ဒီဇင်ဘာ ၉ ရက်က ထုတ်လွှင့်ခဲ့သော RFA သတင်းဌာန၏ “မေးပါရစေဦး” အစီအစဉ်တွင် မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေအပေါ် သုံးသပ် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၊ RFA သတင်းဌာနမှ ဦးဝင်းနိုင်တို့နှင့်အတူ ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
11 Dec 2017 China Studies တရုတ် စီမံကိန်းတွေကို ဘယ်လို ကိုင်တွယ်မလဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်၊ မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ သတိပြုစရာ အချက်များ၊ ကြိုတင် ပြင်ဆင်သင့်သည်များ အပေါ် ဆွေးနွေးခဲ့ကြသည့် မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့ပါသည်။ MCN သတင်းဌာနက စီစဉ်ရိုက်ကူးခဲ့သည့် ထိုအစီအစဉ်၌ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ […]