ISP Products

ISP’s OnPoint

It is a long established fact that a reader will be distracted by the readable content of a page when looking at its layout. The point of using Lorem Ipsum is that it has a more-or-less normal distribution of letters, as opposed to using ‘Content here, content here’, making it look like readable English.

27 Jul 2022

သေဒဏ်စီရင်ခြင်းနောက်ဆက်တွဲနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖယ်ထုတ်မရတော့သည့် မြန်မာ့အကျပ်အတည်း

နိုင်ငံရေးအရ သေဒဏ်ပေးခြင်း ကျင့်သုံးတာဟာ အာဆီယံအပါအဝင် နိုင်ငံတချို့က လမ်းကြောင်းပေးနေတဲ့ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်သွားဖို့ (Return to normalcy) အားထုတ်ရေးဆိုတာ မဖြစ်နိုင်တော့ကြောင်း သက်သေပြလိုက်တဲ့ နောက်ဆုံး အထောက်အထားတရပ်ပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်သစ် ဘယ်လိုပုံပေါ်လာမယ်ဆိုတာ မသိမြင်နိုင်သေးပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ရှိရင်းစွဲအထိုင် (Old normal) ကနေ အကျပ်အတည်းပြဿနာကို အကဲဖြတ်ပုံ၊ ကြောင်းကျိုးဆင်ခြင် တည်ဆောက်နားလည်ပုံနဲ့ ဖြေရှင်းနည်းစဉ်းစားပုံတွေဟာ အောင်မြင်ဖို့ မရှိနိုင်တော့ပါဘူး။ 
20 May 2022

အမေရိကန်-အာဆီယံ ထိပ်သီးအလွန် ရလဒ်ထွက်အောင် အဖြေရှာရမည့် မြန်မာ့အရေး

ပြီးခဲ့တဲ့ မေ ၁၂-၁၃ ရက်တွေမှာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန် ပြည်ထောင်စု၊  ဝါရှင်တန်မှာ လုပ်ခဲ့ပါတယ်။  ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားခြင်းမရှိခဲ့ဘဲ အစည်းအ​ဝေး ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်က ဖိတ်ခေါ်ခဲ့ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဝင်ဒီရှာမန် အပါအဝင် အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ခဲ့ တာကို တရားဝင် သတင်းထုတ်ခဲ့ပါတယ်။ 
11 May 2022

အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရင် အခြေအနေသုံးရပ်ကို မြင်သာစေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေဟာ အရင်ကလို​ပုံမှန်အခြေအနေ (old normal) မဟုတ်တော့ဘူး၊ ဘက်အသီးသီးက တိုင်းပြည်ကို သူတို့လိုလားတဲ့ အခြေအနေသစ် (new normal) အဖြစ် ဖန်တီးဖို့ ကြိုးစားနေကြပြီး၊ တိတိပပ ပုံပေါ်လာတာ မရှိသေးပါဘူး။ သေချာတာကတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု အခင်းအကျင်းမျိုးရဖို့ ရေခံမြေခံရှိတဲ့ ပုံမှန်အခြေအနေမဟုတ်တော့တာ၊ ရှိရင်းစွဲအထိုင်ကိုလွန်သွားပြီ (post-normal) ဆိုတဲ့အပေါ် သိမြင်ချက်က စစ်ကောင်စီဘက်၊ အထူးသဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌဆီမှာ ရှိနေပုံမရပါဘူး။
10 Mar 2022

မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ

မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူတွေလည်း ရလဒ်ထွက်ပေါ် အောင် မလုပ်နိုင်သေးသလို၊ အခြားတဖက်မှာလည်း ယုံကြည်ထိုက်လိုက်တဲ့ ကိုးစားခံရမှု အားသာချက် (Credibility Leverage) က ကျဆင်းနေပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ မစခင်မှာပဲ စစ်တပ်နဲ့ အာဏာခွဲဝေရေး (Power-sharing) ဆိုတဲ့ အင်တာဗျူး စကားရပ်ကြောင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စနိုရင်းဟေဇာဟာ တာအထွက်မှာ တက်ကျိုးသလို ဖြစ်ခဲ့ရပါတယ်။ တခါ အာဆီယံဘုံသဘော တူညီချက်ငါးရပ်မှာ အခြေခံ အကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အာဆီယံအထူး ကိုယ်စားလှယ်သစ်က နားမချနိုင်သေးပါဘူး။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဘက်အသီးသီးနဲ့ တရားဝင်အပြုသဘော တွေ့ဆုံဆွေးနွေးဖို့ရာလည်း နှောင့်နှေးနေပါတယ်။ ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါကတော့ စစ်တပ်နဲ့နီးစပ်သူ ဖြစ်တာကြောင့် သူ့အပေါ် မြန်မာ့တော်လှန်ရေးအတိုက်အခံများရဲ့ ယုံကြည်မှုက အားနည်းပါတယ်။