ISP Products

INTERVIEWS

9 Oct 2020

ကိုနန္ဒာစစ်အောင်အား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ ကျနော်တို့ဆီမှာ မမျှတတဲ့ကိစ္စတွေကတော့ တလျှောက်လုံး ရှိနေခဲ့တာ။ စစ်အာဏာရှင် အောက်မှာ တလျှောက်လုံး ကြီးခဲ့ကြတာ။ မဆလအောက်မှာ သွားခဲ့ရတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အုပ်ချုပ်ရေးနဲ့ နီးစပ်ခြင်းသည်ပင်လျှင် စီးပွားဥစ္စာရဲ့ အရင်းအမြစ်ဖြစ် သလို၊ လူမှုရေးဆိုင်ရာ အသိအမှတ်ပြုမှုတွေရဲ့ နေရာလည်း ဖြစ်တာကိုး။ တခါ အုပ်ချုပ် ရေးနဲ့ တရားဥပဒေစနစ်ကလည်း မကွဲတဲ့အခါကျတော့ ဘာဖြစ်လာသလဲဆိုရင် အခွင့် ထူးခံလူတန်းစားဖြစ်တဲ့ အုပ်ချုပ်ရေးက လူတွေကလွဲပြီး ကျန်တဲ့သူတွေ ကျနော်တို့ အား လုံးသည် တစုဖြစ်ပြီးတော့ အုပ်ချုပ်တဲ့လူတန်းစားက ကောင်းစားတဲ့လူ ဖြစ်သွားတာ ပေါ့။ နိုင်ငံတော်ဆိုတာ သူတို့ပဲလေ။ ကျနော်တို့ နိုင်ငံတော်ဆီက မျှော်လင့်တာက […]
9 Oct 2020

ကိုအောင်ကျော်မိုးအား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေ မှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ အစိုးရဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေမှာ အားနည်းတယ်။ လူထုအတွက် ရေးဆွဲ ထားတဲ့ မူဝါဒတွေမရှိဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းမှာ ခိုင်မာပြီး လူထုအတွက်အကျိုးရှိမယ့် မူဝါဒတွေပေါ်မလာသေးသလို နိုင်ငံသား အားလုံးအတွက် အားနည်းချက်ရှိတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့ညီအောင် ပြင်ဆင်နိုင် ခြင်းမရှိ၊ ဝန်ဆောင်မှုပေးရမယ့် ဗြူရိုကရေစီယန္တရားကို လူထုက အကြောက်တရားနဲ့ ဆက်ဆံနေရခြင်း၊ ယုံကြည်မှုမရှိခြင်းတွေကြောင့်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေဟာ ပြည်နယ်တွေမှာ တဆင့်နိမ့် နိုင်ငံသားအနေနဲ့ ခွဲခြားဆက်ဆံခံနေရတာက အဓိက အကြောင်းတရား ဖြစ်ပါတယ်။မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြုကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ဖြေ […]
7 Oct 2020

ကိုထူးချစ်အား မေးမြန်းခြင်း

မေး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတဦးအနေနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှုအကြောင်း ခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ဖြေ အဓိကတော့ နိုင်ငံရေးစနစ်ကြောင့်လို့ ရှုမြင်မိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းစစ်၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လယ်ယာ မြေ သိမ်းဆည်းခံနေရမှုတွေဟာ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအချက်အလက်တွေလို့ ထင် ပါတယ်။ အစိုးရအနေနဲ့ အဆိုပါကိစ္စတွေ လျော့နည်းအောင်၊ ပပျောက်အောင် မလုပ်နိုင် မချင်း ကိုယ်ထူကိုယ်ထ ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။ မေး ပြည်တွင်းမှာ ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေး ခြင်းက အခုအချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ ပြည်ပမှာဖြစ်နေတဲ့ အခြေ အနေတွေကရော ဘယ်လိုပါလဲ။ဖြေ လုံလောက်မှုရှိတယ်လို့ မထင်ပါဘူး၊ အစိုးရအဆက်ဆက်ရဲ့ ရွှေ့ပြောင်း […]
6 Oct 2020

အာရှအလင်းရောင်ဆရာတော်အားမေးမြန်းလျှောက်ထားခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ ဘုရား။ဖြေ ဘုန်းဘုန်းတို့နိုင်ငံက စစ်အာဏာသိမ်းပြီးချိန်က စပြီးတော့ မမျှတမှုဆိုတာ ရှိခဲ့တာ။ ဒါပေမဲ့ လူတွေက (အာဏာရှင်တွေက) အဲဒီမမျှတမှုကို ဘာနဲ့ဖြေရှင်းသလဲဆိုရင် သယံ ဇာတကို ထုတ်သုံးပြီးတော့ လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင်၊ သူတို့ လုပ်ပိုင်ခွင့်ရှိသူတွေ အကျိုးအမြတ်အများကြီးရအောင် ဒီလိုပုံစံနဲ့ ဆောင်ရွက်ခဲ့တာ။ လူတွေက အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေး ပြေလည်တာလောက်နဲ့၊ အရိုးအရင်းလေးရတာလေးနဲ့ စီးပွားရေးအဆင်ပြေတယ်ဆိုပြီး ရောင့်ရဲပြီးတော့ ကျေနပ်ခဲ့ကြတာ။ တကယ်တော့ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေက အကျိုးအမြတ်အများကြီး ရဖို့အတွက် အလုပ်အကိုင် မစို့မပို့ကို ပြည်သူကိုပေးပြီး လုပ်ခဲ့တဲ့အချိန်ပါဗျ။ သယံဇာတ ကနေ ပိတ်ဆို့လိုက်တဲ့အခါ၊ တနည်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရပ်စဲ […]
7 Mar 2018

ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှား ဆောင်ရွက်နေသူ မောင်ဆောင်းခအား မေးမြန်းခြငး

သူတို့အနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲ ဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         အဓိကက အစိုးရရဲ့ မူလကြွေးကြော်သံဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ အဲဒီစကားလုံးက ထိပ်ပိုင်းပေါ့။ တပ်မတော်နဲ့ လက်ရှိ NLD အစိုးရ ကြားထဲမှာပဲ ရှိနေပြီး […]
7 Mar 2018

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်အား မေးမြန်းခြင်း

စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ် ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလိုအမှားမျိုးကို ထပ်မမှားသင့်ဘူး။ သေချာစိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         နိုင်ငံတစ်ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေးထားပြီး ဆက်ဆံရတဲ့ ချစ်ကြည်ရေးဆိုတာကို အရင်ဆုံး […]
7 Mar 2018

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာအား မေးမြန်းခြင်း

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တနည်း ပြောရလို့ရှိရင် … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         မြန်မာ့ အသွင်ကူးပြောင်းရေး ဦးတည်ချက်ဟာ  ဒီမိုကရေစီ အုတ်မြစ်ချရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့က စစ်အာဏာရှင်စနစ်အောက်က […]
7 Mar 2018

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး (PACE) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာအား မေးမြန်းခြင်း

“လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်း စောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ် ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ” ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲစနစ် ဘယ်လောက်အထိ လိုက်လျောညီထွေမှု ဖြစ်သလဲ။ ■ ဖြေ   –         အခုလောလောဆယ် ကျွန်တော်တို့သုံးတဲ့ ရွေးကောက်ပွဲစနစ်ပေါ့။ majority system ပေါ့။ အတိအကျပြောရရင် first-past-the-post ဆိုတဲ့ အခါကျတော့  ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ဗျာ။ ဒီရွေးကောက်ပွဲ တစ်ရပ်ကနေပြီးတော့ ထွက်လာတဲ့ အစိုးရက ပိုပြီးတော့မှ တည်ငြိမ်တဲ့ အစိုးရမျိုး ရချင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြဿနာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာက […]
7 Mar 2018

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး စိုင်းညွန့်လွင်အား မေးမြန်းခြင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ပြုပြင်ဖို့နဲ့ အစိုးရအဖွဲ့ကိုလည်း ပြန်လည် သုံးသပ်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ကိုယ်လုပ်နေတဲ့လုပ်ငန်း တုံ့ဆိုင်းနေခဲ့ရင် အဲဒီလုပ်ငန်းကို စပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီအချက်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         နှစ်ပေါင်း ၅၀ ကျော်လောက် စစ်တပ်ရဲ့ နည်းအမျိုးမျိုးနဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရပြီးပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံလည်း ဖြစ်နေပြီဆိုတော့  ဒီတခါ မြန်မာ့ […]
7 Mar 2018

နိုင်ငံရေး ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းအား မေးမြန်းခြင်း

၂၀၁၆ ခုနှစ်နောက်ပိုင်း လွှတ်တော်တွေ၊ အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ ဖြစ်သင့်တာထက် လျော့နေတာကတော့ အားမလိုအားမရစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့မတိုး၊ နောက်မဆုတ်၊ သောင်မတင်၊ ရေမကျလို့ ပြောကြတာ ဖြစ်မယ်ထင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူလူထု ပါဝင်မှုကို ချဲ့ထွင်ပေးနိုင်ဖို့ အရေးကြီးမယ်လို့ ယူဆပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ။  ။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပဲ ဖြစ်သင့်ပါတယ်။ နှစ် […]
7 Mar 2018

နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွက်လာရန် ကြိုးပမ်းနေသူ ကိုကိုကြီးအား မေးမြန်းခြင်း

ရွေးကောက်ပွဲ နည်းလမ်းနဲ့၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါကျတော့ ကျွန်တော်တို့ စစ်ဘက်-အရပ်ဘက်ကို အာရုံစိုက်ရင်း၊ ပြောနေကြရင်းနဲ့ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ သတိမပြုမိသလို ဖြစ်နေတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ   –         ကျွန်တော့်အမြင် ပြောရရင်တော့ အများပြောနေကြတာက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ဘက်က ရာနှုန်းပြည့် ချုပ်ကိုင်ထားရာကနေပြီးတော့ ပြင်ဖို့၊ ပြောင်းဖို့ ငြင်းကြရင်းနဲ့ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် […]
17 Jul 2017

ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း

မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူနှင့် ၂၀၁၃ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း ■ မေး။    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာ ခေါင်းစဉ်အလိုက်ဆိုပြီး သုံးမျိုး ပါဝင်ပါတယ်။ ဒီလို သုံးခုခွဲခြားထားတာက ဘာအတွက်၊ ဘယ်လို အထောက်အကူ ပြုပါသလဲ။ လိုအပ်တဲ့ ခွဲခြားမှုအဖြစ် ရှုမြင်ပါသလား။ ဖြေ။     ပထမဆုံးအနေနဲ့ စိတ်ကျေနပ်တယ်လေ။ အားရတာကတော့ ဒီအထဲမှာ ပါဝင်နေတဲ့ အားလုံးဟာ ကျွန်မတို့ရဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ လက်ခံထားတယ်လို့ နားလည်တယ်လေ။ အဲဒါကြောင့် အားတက်စရာကောင်းတယ်။ တစ်ဖက်က ကျတော့လည်း ခေါင်းစဉ်သုံးမျိုးကို ဘာဖြစ်လို့ ခွဲထားသလဲ ကျွန်မ မသိဘူး။ ခွဲထားတဲ့ ပုဂ္ဂိုလ်များရဲ့ ရည်ရွယ်ချက်ကို […]
16 Jul 2017

တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက်မှ ကိုဖရန်ကီအား မေးမြန်းခြင်း

တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက် (TRIP NET) တည်ထောင်သူ ကိုဖရန်ကီအား မေးမြန်းခြင်း ■ မေး။   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ သယံဇာတ အရင်းအမြစ် ခွဲဝေရေးကလည်း ခေါင်းစဉ်တစ်ခု အနေနဲ့ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်စနစ်နဲ့ သယံဇာတအရင်းအမြစ် ခွဲဝေရေး အဆက်အစပ်ကို အရိုးရှင်းဆုံး ဘယ်လိုနားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။ ဖြေ။     ဖက်ဒရယ်စနစ်နဲ့ သယံဇာတ အရင်းအမြစ် ခွဲဝေရေးခေါင်းစဉ်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း မြင်နိုင်တာကတော့ ဖက်ဒရယ်ဆိုတာ တန်းတူမှု၊ စည်းလုံးမှု၊ ဝိုင်းဝန်းကူညီမှုနဲ့ ဆက်စပ်မှု ဆိုတာတွေကို အခြေခံထားတယ်။  ဒါကြောင့် သဘာဝရင်းမြစ် ခွဲဝေမှုဆိုတာကို စဉ်းစားကြတဲ့အခါ အခွန်အကောက်နဲ့ ဘဏ္ဍာရေးဆိုတာကို […]
16 Jul 2017

NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း ■ မေး။    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ ပညာရေးကလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်နဲ့ ပညာရေး အဆက်အစပ်ကို အရိုးရှင်းဆုံးဘယ်လို နားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။ ဖြေ။    ဖက်ဒရယ်စနစ် ထူထောင်တော့မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရပါမယ်။ ကိုယ်ပိုင်ပြဌာန်း ဆိုရာမှာလည်း ပညာရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်ထဲမှာလည်း ထည့်ရပါမယ်။ ပညာရေးဆိုင်ရာကိုယ်ပိုင်ပြဌာန်းခွင့်မှာ ကိုက်ညီတဲ့ ပညာရေးစနစ် လိုတယ်။ ကျွန်တော်တို့နိုင်ငံက ဒီလို တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သောနိုင်ငံ ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ […]