Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
16 Jul 2020 Myanmar Quarterly လူမှုတရားမျှတရေး သမိုင်းကြောင်းတလျှောက်လုံးတွင် လူမှုဆိုင်ရာ တရားမျှတမှုရရှိရန် ပြင်းပြသည့် စေ့ဆော်မှုများက လူသားတို့ကို လှုပ်ရှားမှုများဖြစ်အောင် ရိုက်ခတ်စေခဲ့ပါသည်။ လူမှုဆိုင်ရာတရားမျှတမှု ဆိုသည်မှာလည်း လူ့အဖွဲ့အစည်း အတွင်းရှိ အစုအဖွဲ့များ၊ သို့မဟုတ် လူတန်းစားအသီးသီးအပေါ် မမျှမတဆက်ဆံမှုနှင့် အခွင့်အလမ်းပိုင်းဆိုင်ရာ မညီမျှမှုများကို အသိအမှတ်ပြုခြင်းနှင့် ဖြေရှင်း ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ရုန်းကန် လှုပ်ရှားမှုမှာ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုတခုသာမက လူမှုဆိုင်ရာ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားမှုလည်း ဖြစ်ပါသည်။ထို့ကြောင့် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်နှောင်းပိုင်းတို့၌ မြန်မာနိုင်ငံရှိ လူအများစုက လက်ဝဲအဖွဲ့အစည်းများအတွင်းသို့ ရောက်ရှိသွားကြခြင်းမှာလည်း လူမှုဆိုင်ရာ တရားမျှတမှုက အရေးကြီးသည်ဟု ထင်မြင်ယူဆကြခြင်းကြောင့်ဖြစ်ပါသည်။ ထိုမှတဖန် ပြီးခဲ့သည့် ဆယ်စုနှစ် များအတွင်းက လူမှုဆိုင်ရာတရားမျှတမှုနှင့် ပတ်သက်သည့် အယူအဆများကို တပ်မတော် အသိုင်းအဝိုင်း၏ အခွင့်ထူးခံကိစ္စများကို လျှော့ချရေး၊ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာရေး ဆိုင်ရာ […]
7 Mar 2018 Myanmar Quarterly MMRQ အတွဲ ၁၊ အမှတ် ၃ အတွက် ဒန် စလိတ်တာ ၏ စကားဦး The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် အတွဲ ၁၊ အမှတ် ၃ အတွက် ဒန် စလိတ်တာ ၏ စကားဦး။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ခြင်း၊ သို့မဟုတ် ကျရှုံးခြင်း၏ အလားအလာများကို တိုင်းတာခန့်မှန်းရာ၌ အဆိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အလွန် ကွဲပြားခြားနားသော နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်ပေါ်လာကြကြောင်း အသိအမှတ်ပြုထားရန် အရေးကြီးပါသည်။ ပထမ အခင်းအကျင်းတစ်ခုမှာ အာဏာရှင် အုပ်ချုပ်သူများက သူတို့ထံတွင် ရွေးချယ်စရာ နည်းလမ်း အနည်းငယ်သာ ရှိတော့သည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လက်ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ အာဏာရှင်အစိုးရ တစ်စစီ ပြိုကွဲနေခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြမှုများ ကြီးမားပြင်းထန်လာခြင်း၊ သို့မဟုတ် စီးပွားရေးစနစ် ပြိုလဲသွားခြင်း၊ သို့မဟုတ် ပြည်ပဖိအားများ များပြားလာခြင်းတို့ကြောင့် […]
16 Jul 2017 MMRQ အတွဲ ၁၊ အမှတ် ၂ အတွက် ပါမောက္ခ ဒေါ်နယ် အယ်လ်၊ ဟောရိုဝစ်ဇ်၏ စကားဦး The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် အတွဲ ၁၊ အမှတ် ၂ အတွက် ပါမောက္ခ ဒေါ်နယ် အယ်လ်၊ ဟောရို၀၀်ဇ်၏ စကားဦး။ ဒေါ်နယ် အယ်လ်၊ ဟောရိုဝစ်ဇ် ၁ ကိုယ့်ဒေသမှာကိုယ် စုဝေးပြီး နေထိုင်လိုကြတဲ့ လူမျိုးအုပ်စုတွေရဲ့ လူမျိုးပေါင်းစုံ နိုင်ငံမှာ လူမျိုးစု အချင်းချင်းအကြား တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ အသုံးဝင်တဲ့ နည်းလမ်း တစ်ခုကတော့ ဖက်ဒရယ်စနစ်အရ ပိုင်းခြားထားတဲ့ ဒေသတွေထံ အာဏာကို အဆင့်ဆင့် ခွဲဝေအပ်နှင်းတဲ့ နည်းပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေအတွက် ဖက်ဒရယ်စနစ်ဟာ အားသာချက် အများအပြား ရှိနေပါတယ်။ ဗဟိုအစိုးရက ချမှတ်လိုက်တဲ့ တသမတ်တည်းသော မူဝါဒတွေဟာဆိုရင် ဒေသအားလုံးမှာရှိတဲ့ လူတိုင်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတာမျိုး အမြဲတမ်းဖြစ်ဖို့ မလွယ်ပါဘူး။ […]
20 Jun 2017 Myanmar Quarterly MMRQ အတွဲ ၁၊ အမှတ် ၁ အတွက် ပါမောက္ခ လာရီဒိုင်းမွန်း၏ စကားဦး The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ် အတွဲ ၁၊ အမှတ် ၁ အတွက် ပါမောက္ခ လာရီဒိုင်းမွန်း၏ စကားဦး။ ■ လာရီဒိုင်းမွန်း ဒီလို အင်မတန်မှ အရေးပါတဲ့ ၃-လ တစ်ကြိမ်ထုတ် စာစောင်တစ်ခု ထုတ်ဝေတဲ့အခါမှာ ပါဝင်ခွင့်ရတာက ကျွန်တော့်အတွက်တော့ အင်မတန်မှ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာအရ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတို့ ဆုတ်ယုတ်လာနေချိန်မျိုးမှာ ရာစုနှစ်ဝက်လောက် အာဏာရှင်စနစ်အောက် ရောက်နေရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်မြောက်လာမှုဟာ ကြိုဆိုရမယ့် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံကြီး ကာလကနေစလို့ တစ်ကမ္ဘာလုံးက လူထုတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှား ရုန်းကန်မှုအပေါ် ခိုင်ခိုင်မာမာ ထောက်ခံ အသိအမှတ်ပြုခဲ့ကြပါတယ်။ […]