Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
23 May 2022 Conflict, Peace & Security စစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပြီးတော့ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာတော့ ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၂,၄၃၂ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
19 May 2022 China Studies လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။
12 May 2022 Conflict, Peace & Security စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ရှိလာ အာဏာသိမ်းကာလတနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပေမယ့်လည်း စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် သေဆုံးနေသူတွေရဲ့ အရေအတွက်ကလည်း မြင့်တတ်နေဆဲပဲဖြစ်ပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်းအရပ်သားသေဆုံးမှုတွေထဲမှာမှ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက်သေဆုံးခဲ့ရသူ ၁,၈၃၁ ဦးရဲ့ ဒေသတွေကို ထပ်မံခွဲခြမ်း စိတ်ဖြာကြည့်ရင် စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉ ဦးထက် မနည်းရှိခဲ့တာကြောင့် အရပ်သား သေဆုံးမှု အများဆုံးရှိခဲ့တဲ့ ဒေသဖြစ်ပါတယ်။
2 May 2022 Conflict, Peace & Security နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများဖိနှိပ်ခံရမှု စံချိန်တင် ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တ ဦး နဲ့ စစ်ကြောရေးမှာ တ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက်မနည်းကို ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။
27 Apr 2022 Conflict, Peace & Security ၂၀၂၂ ခုနှစ် ဧပြီ တလတည်းအတွင်း စစ်ပြေးဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် တိုးလာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော်ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေပါတယ်။
22 Apr 2022 China Studies နယ်စပ်ကုန်သွယ်ရေး၏ ၇၅ ရာခိုင်နှုန်းမှာ ထိုင်းနှင့်ကုန်သွယ်မှုဖြစ်လာ မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ပါတယ်။တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့ပါတယ်။
20 Apr 2022 Conflict, Peace & Security တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင် လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရတဲ့ သူတွေကို ဦးတည်ပြီး ပေးတာမဟုတ်ဘူးဆိုတာ သိသာနိုင်ပါတယ်။
8 Apr 2022 Conflict, Peace & Security အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သား ၂,၃၀၀ ကျော်သေဆုံးခဲ့ ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီးတော့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်ဟာ စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်အာဏာ သိမ်းမှုနောက်ပိုင်းမှာ လအလိုက် ပုံမှန်သေဆုံးမှုတွေရှိနေခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ပိုမိုများပြားခဲ့ပါတယ်။
1 Apr 2022 China Studies ငါးလအတွင်း စင်ကာပူနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်၊ အီးယူအပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာ ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။ ဒ့ါအပြင် ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။
31 Mar 2022 Conflict, Peace & Security နိုင်ငံတဝန်း လူပေါင်း ၁၃,၀၀၀ ထက်မနည်း ဖမ်းဆီးခံရ ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလမှာ ၄,၇၀၀ ဦး ထက်မနည်း စံချိန်တင်ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁,၂၈၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ပထမသုံးလမှာ တော့ စုစုပေါင်း ၁၇,၀၀ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ၅၅,၄၇၂ ဦးထက်မနည်း ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် AAPP ရဲ့ မှတ်တမ်းတွေအရ တော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသူ ၃,၀၄၀ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
25 Mar 2022 Conflict, Peace & Security ရှစ်လအတွင်း EAO<small>s</small> နယ်မြေများ၌ တိုက်ပွဲ နှစ်ထောင်ကျော်ရှိလာ တဆက်တည်းမှာပဲ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF)တို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်ထိ ကိုးလတာအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၇၆၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပြီး ၂၉၃ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
24 Mar 2022 Conflict, Peace & Security သုံးလအတွင်း စစ်ပြေးဒုက္ခသည် သုံးသိန်းခွဲကျော်တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးရှိခဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၇၅၂,၅၈၉ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၂၄၉,၇၈၉ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁၀၀,၂၀၀ ဦးကျော် ရှိနေပါတယ်။
15 Mar 2022 Conflict, Peace & Security နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရ စစ်ကောင်စီက နေအိမ် ချိပ်ပိတ် သိမ်းဆည်းမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ် ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှစ်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့ပါတယ်။ အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအရေးယူဆောင်ရွက်နေတဲ့ အမှုတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ တိုက်ခန်းတွေကိုလည်း သိမ်းဆည်းခဲ့သလို၊ CDM လှုပ်ရှားမှုနဲ့ ဆက်စပ်နေသူတွေ၊ အသံတိတ်သပိတ် လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။
23 Feb 2022 Covid-19 and Myanmar ကိုဗစ်ကူးစက်မှုနှုန်း တရက်လျှင် သုံးထောင်ဝန်းကျင်ဖြစ်လာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေ မြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့) ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှု အခြေအနေ ကြုံရနိုင်ခြေလည်း ရှိကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သတိပြုဖို့ အထူးလိုအပ်နေပါတယ်။
19 Feb 2022 Conflict, Peace & Security လူပေါင်း ၉,၀၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။