ISP Products

Data Matters

19 Sep 2022

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။ နေအိမ်၊ အဆောက်အအုံ ၂၅,၃၇၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဒေသကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၈,၁၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရမှုတွေကို မြို့နယ်အလိုက် နှိုင်းယှဉ်ကြည့်ရင်တော့ စစ်ကိုင်း တိုင်း၊ ရွှေဘိုမြို့နယ်မှာ ၃,၄၈၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရေအတွက် အများဆုံးဖြစ်ပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော့ ၂,၈၂၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။ နေအိမ်၊ အဆောက်အအုံ ၂၅,၃၇၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဒေသကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၈,၁၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရမှုတွေကို မြို့နယ်အလိုက် နှိုင်းယှဉ်ကြည့်ရင်တော့ စစ်ကိုင်း တိုင်း၊ ရွှေဘိုမြို့နယ်မှာ ၃,၄၈၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရေအတွက် အများဆုံးဖြစ်ပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော့ ၂,၈၂၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ 
17 Aug 2022

၁၈ လတာကာလအတွင်း နိုင်ငံတဝန်းလုံးတွင် တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွား

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၇) စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ၁၈ လတာကာလ အတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအနက် ၄,၀၅၂ ကြိမ်ထက်မနည်း (၆၀ ရာခိုင်နှုန်းကျော်) ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ(EAOs) အကြား ဖြစ်ခဲ့တာပါ။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF/CDF/CNDF/ KNDF စသဖြင့်) အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကတော့ ၁,၇၁၁ ကြိမ်ထက်မနည်း ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ EAOs၊ ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပွားမှု […]
25 Jul 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ စစ်အာဏာသိမ်းမှုအပြီး နေအိမ်နှင့် အဆောက်အအုံ အများဆုံး မီးရှို့ဖျက်ဆီးခံခဲဲ့ရတဲ့ ဒေသတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၅,၈၅၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံအရေအတွက် (လအလိုက်) ဟာ ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှာ အမြင့်ဆုံးရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ စုစုပေါင်း နေအိမ်၊ အဆောက်အအုံ အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ မကွေးတိုင်းအတွင်းက နေအိမ်၊ အဆောက်အအုံတွေအပြင် လက်လုပ်ရေနံတွင်း ၁၅၀ ထက်မနည်းလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
15 Jun 2022

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်ဦးရေ နှစ်သန်းခွဲကျော် ရှိလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ လစဉ်တိုးနေပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမ ငါးလတာ (ဇန်နဝါရီလ မှ မေလ) အတွင်းမှာပဲ ဒုက္ခသည်ဦးရေ ၅၂၇,၆၉၇ ဦးထက်မနည်းတိုးခဲ့ပါတယ်။ အဲ့ဒီ့အရေအတွက်ဟာ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ ပြည်တွင်းစစ်ပြေး ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၄၉ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်စုစုပေါင်းကို နယ်မြေဒေသအလိုက် ကြည့်ရင် စစ်ပြေးဒုက္ခသည်အများဆုံး ရှိလာတာက စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုက္ခသည် ၃၄၄,၂၅၀ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း ရှိလာပါတယ်။
9 Jun 2022

တရုတ်နှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

မီနီဘတ်ဂျက်ကာလအတွင်းမှာ  အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံကျော် ရှိပါတယ်။  ထိုင်းနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိပြီးကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဥ်ရင်အမေရိကန်ဒေါ်လာသန်း ၅၂၀ကျော် တက်လာပါတယ်။ ဒေသတွင်းအစုအဖွဲ့တွေဖြစ်တဲ့ QUAD နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိပြီး၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ရှိခဲ့ပါတယ်။ EU က QUAD ထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး လျော့နည်းနေတာကိုတွေ့ရပါတယ်။ AUKUS နဲ့ကုန်သွယ်မှုက အမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးရှိပြီးဒေသတွင်းအစုအဖွဲ့တွေထဲမှာ အနည်းဆုံးဖြစ်ပါတယ်။ 
6 Jun 2022

သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ် ခံရသူ ၂၀၉ ဦးအထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပ မြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦး နှင့် ထောင်ဒဏ်တသက် တကျွန်းချမှတ်ခံရသူ ၁၂ ဦး ရှိခဲ့ပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ အများဆုံးရှိခဲ့တဲ့ မြို့နယ်ဖြစ်ပါ တယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း သေဒဏ်ချမှတ်ခံရသူ ၁၇ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၃၀ ဦး နဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းပူးတွဲချမှတ်ခံရသူ၃ ဦးတို့ရှိခဲ့ပြီး ဒုတိယအများဆုံး သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံခဲ့ရတဲ့ မြို့နယ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက ဦးကျော်မင်းယု (ခ) ဂျင်မီ၊ ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရ ဇော်တို့ လေးဦးကို သေဒဏ်အတည်ပြုပြီး ကြိုးပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သေဒဏ်ချမှတ်ခံ ထားရတဲ့သူတွေကို အခုလိုမျိုး ကြိုးပေးဖို့လုပ်ဆောင်တာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအသိုင်းအဝိုင်းက ဝေဖန်ကန့်ကွက် ခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း သေဒဏ်အတည်ပြု ချမှတ်တာကို ဆန့်ကျင် ကြောင်းအပြင် အာဏာသိမ်းလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆို ခဲ့ပါတယ်။ 
2 Jun 2022

အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အဆောက်အအုံ ၂၂,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

၂၀၂၂ ခုနှစ်၊ မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံး ထက်မနည်း ရှိခဲ့ပါတယ်။ အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက် (လအလိုက်) ထဲမှာ ယခုလအတွင်း ဖျက်ဆီးခံရတဲ့ပမာဏာကတော့ တနှစ်တာအတွင်း အများဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုးမီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာ  စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံး၊ မကွေးတိုင်းက ၂,၁၄၃ လုံး၊ ရှမ်းပြည်နယ်ကအလုံး ၁၁၀၊ မန္တလေးတိုင်းကအလုံး ၃၀၊ ချင်းပြည်နယ်က ၂၉ လုံး၊ ကရင်ပြည်နယ်က ၁၀ လုံးနဲ့ ကယားပြည်နယ်က ၃ လုံးတို့ ပါဝင်ပါတယ်။