Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
29 Sep 2023 Conflict, Peace & Security နှစ်နှစ်ခွဲကျော်ကာလအတွင်း နေအိမ်၊ အဆောက် အအုံ ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ စစ်အာဏာသိမ်းအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၆,၁၃၄ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၆၄ ရာခိုင်နှုန်းကျော် (၅၅,၇၀၇ လုံးထက်မနည်း)ဟာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ခဲ့တာပါ။
3 Aug 2023 China Studies တရုတ်-မြန်မာ ကုန်သွယ်မှုကွာဟချက် နှစ်ဆမြင့်တက် စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ကွာဟချက်ဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးအထိ ရှိပါတယ်။
28 Jul 2023 Conflict, Peace & Security ခြောက်လတာအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရ စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၃၀ ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈ လုံးထက်မနည်း) ဟာ ၂၀၂၃ ခုနှစ် ခြောက်လအတွင်း ဖြစ်ခဲ့တာပါ။
14 Jun 2023 Conflict, Peace & Security ၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်လာ ၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တနှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။
31 May 2023 China Studies စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေ အများဆုံး ဆက်ရနေ အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ဒီအထဲက ၇၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ လေးဘီယံနီးပါး) ဟာ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တာပါ။ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တဲ့ နိုင်ငံခြားငွေတွေထဲက ၂ ဒသမ ၅ ဘီလီယံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ခွင့်ပြုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင် စွမ်းအင်စီမံကိန်း ဖြစ်ပါတယ်။
17 May 2023 Conflict, Peace & Security EAOs-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်မှု ပြန်များလာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ပထမ လေးလလပတ်အတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲကမှ ၅၈ ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) နဲ့ ဒေသခံကာကွယ်ရေးတပ် (PDFs) တွေရဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား ဖြစ်ခဲ့ပါတယ်။ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အရေအတွက်အများဆုံးကို ပြန်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
3 May 2023 China Studies တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်အပြီး နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦးအား ပြန်လွှတ် အာဏာသိမ်းမှုအလွန် နှစ်နှစ်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ကဲ့သို့သော အခါကြီးရက်ကြီးများတွင် စစ်ကောင်စီက လွတ် ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပြီး ကဆုန်လပြည့်နေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
27 Apr 2023 Conflict, Peace & Security စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
10 Apr 2023 Conflict, Peace & Security ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။
23 Feb 2023 China Studies တရုတ်အစိုးရနှင့် စစ်ကောင်စီအကြား ကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်း ကွာဟချက် မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးကို နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံနီးပါးအထိ ကွာဟချက် ကြီးမားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီမှ နိုဝင်ဘာလအထိ) ရှစ်လတာကာလအတွင်း ဖြစ်ခဲ့တာပါ။
24 Jan 2023 Conflict, Peace & Security နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
27 Dec 2022 Conflict, Peace & Security စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်ပစစ်ပြေးဒုက္ခသည်တွေကလည်း ၁,၀၀၉,၁၉၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်း နီးပါး က စစ်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
13 Dec 2022 Conflict, Peace & Security တရုတ်၊ ထိုင်းနှင့် စင်ကာပူတို့ မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်အထိ ဘဏ္ဍာနှစ်လေးခုရဲ့ ကုန်သွယ်မှုအဆင့်တွေကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံက နံပါတ်လေးနေရာ ရောက်လာပြီး ဂျပန်နိုင်ငံကတော့ နံပါတ်ခုနှစ်ကို ကျဆင်းသွားပါတယ်။
22 Nov 2022 Conflict, Peace & Security စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော် ဖြစ်ပွားခဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
8 Nov 2022 Conflict, Peace & Security နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။