Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
24 Jul 2017 Myanmar Quarterly မြန်မာ့လူမျိုးစုနှင့် ဖက်ဒရယ် ပြဿနာအပေါ် အတွေးတချို့ အက်ရှ်လေ ဆောက်သ် ၁ ■ နိဒါန်း အတိတ်ရဲ့ အရိပ်ရှည်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ သက်ရောက်လျက် ရှိပါတယ်။ ဒါ့အပြင် တစိတ်တပိုင်း ဒီမိုကရေစီစနစ်အတွက် လူမျိုးစုရေး၊ ဖက်ဒရယ်အရေး မြော်မြင်ချက်တွေ၊ ပုံဖော်ချင်တာတွေကလည်း တစ်ခုနဲ့တစ်ခု အားပြိုင်နေကြပါတယ်။ ဒီဆောင်းပါးက လူမျိုးစုရေး၊ ဖက်ဒရယ်အရေးတွေရဲ့ နက်နဲရှုပ်တွေးမှုကို သမိုင်းရေးအမြင်နဲ့ ချဉ်းကပ်ရှုမြင်ထားတာ ဖြစ်ပါတယ်။ ■ ကိန်းဂဏန်း အရေအတွက်များ၊ လူမျိုးတွေကို ခွဲခြားသတ်မှတ်မှုများ ၂၀၁၄ ခုနစ် မတ်နဲ့ ဧပြီလဆန်းမှာ သန်းခေါင်စာရင်း ကောက်ယူ ပြီးစီးခဲ့ပေမယ့်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းဇယားတွေဟာ အခုချိန်ထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်း ရှိတယ်လို့ […]
24 Jul 2017 Myanmar Quarterly ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ ကျော်ဝင်း ၁ ■ နိဒါန်း (အမျိုး၊ ဘာသာ၊ သာသနာမှ အမျိုးသားလွတ်လပ်ရေးသို့) မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး သမိုင်းကြောင်းကို ပြန်ပြောကြသည့်အခါတိုင်း “နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက” ဆိုသော ဆိုရိုးစကားတစ်ခုမှ အစပြုလေ့ ရှိကြပါသည်။ သို့နှင့်တိုင် ၁၉၀၆ ခုနှစ်က ထူထောင်ခဲ့သော “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း” (ဝိုင်အမ်ဘီအေ)မှာ ပီပီသသ နိုင်ငံရေးအဖွဲ့အစည်းတော့ မဟုတ်ခဲ့ပါ။ အသင်းကြီး၏ ရည်ရွယ်ချက် ကိုယ်တိုင်က “အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးကို အားပေးဆောင်ရွက်ဖို့” ဖြစ်သည်။ သို့အတွက် “အမျိုးကိုချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြင့်ပါ၊ ပညာကို အားပေးပါ” ဟု ကြွေးကြော်သံ ထုတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံး ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ အများစု ဗမာလူမျိုးနှင့် သူတို့၏ ကိုးကွယ်ရာ […]
24 Jul 2017 Myanmar Quarterly မြန်မာပြည်က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြဿနာ ဘာတေးလ် လင့်တ်နာ ၁ ■ ပြဿနာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေအကြား ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်မှ ခရီးမရောက်ရတဲ့ အကြောင်းရင်းရှိပါတယ်။ အဲဒါကတော့ ဘက်နှစ်ဖက်လုံးကြားမှာ သူတို့ ဘာလိုချင်လဲဆိုတဲ့အပေါ် အခြေခံကျကျ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ အရင် ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အစိုးရရော လက်ရှိ ဒီချုပ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရကပါ မြန်မာပြည်က လက်နက်ကိုင် တိုင်းရင်းသား အင်အားစုအားလုံးကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပထမဆုံး ရေးထိုးပြီးမှ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်က ပိုပြီး ရှင်းလင်းပါတယ်။ သူတို့က တိုင်းရင်းသား […]
24 Jul 2017 Myanmar Quarterly ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ ခွန်းမတ်ရ်ကိုဘန် ၁ ■ မိတ်ဆက် ဤ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ ဆောင်းပါးတွင် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံ နိုင်ငံရေးသမိုင်းကို အကျဉ်းမျှသာဖော်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထားသော ပင်လုံစာချုပ်နှင့် ကတိကဝတ်များ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် အခြေခံမူများ၊ အခြေခံ ကျောရိုးကိုသာ ရှင်းလင်းချက်အနည်းငယ် တင်ပြခြင်းမှအပ သမိုင်းဝင်မှတ်တမ်း စာမူရင်းပါရှိသည့်အတိုင်း အဓိကဖော်ပြထားခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များသည် ဗြိတိသျှ ကိုလိုနီလက်ထက် ကာလတွင် သီးခြားနယ်မြေ တည်ရှိသော ဗမာပြည်မ (Burma Proper) နယ်မြေ၊ ပြည်ထောင်စု ရှမ်းပြည် (The Federated Shan States) နယ်မြေ၊ […]
24 Jul 2017 Myanmar Quarterly ၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု ၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု ၁ ဂျွန် ဗျူခန်နန် ၂ ■ ၁။ နိဒါန်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်အပြင် များပြားလှသော သီးခြားပဋိပက္ခများလည်း ရှိပေသည်။ ၃ သုတေသီများမှာ ပြည်တွင်းစစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ကြသော်လည်း ၎င်းတို့၏ လေ့လာသုတေသန ပြုမှုများတွင် မြန်မာနိုင်ငံအကြောင်းကို များစွာ လျစ်လျူရှုခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်အကြောင်းကို စာအုပ်ရေးသားရန် လျစ်လျူရှုထားခဲ့ခြင်းကြောင့် သက်ဆိုးရှည်လှသည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်အပေါ် အမြင်အမျိုးမျိုးကို အကဲဖြတ် ရှင်းလင်းပြနိုင်ရန်မှာ အရေးပါလှသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းမရှိသော တိုင်းပြည်များထက် […]
24 Jul 2017 Myanmar Quarterly ကောင်းမွန်သော သယံဇာတ စီမံအုပ်ချုပ်မှု – မြန်မာ့ငြိမ်းချမ်းရေးအတွက် သန္ဓေလော မော်ထွန်း ၁ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် ဖွားဖက်တော် ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှာပင် လက်နက်ကိုင်ပဋိပက္ခ အမျိုးမျိုးအောက်သို့ မြန်မာနိုင်ငံ သက်ဆင်းသွားခဲ့ပြီး အမျိုးသား တန်းတူမှုသည် လက်နက်ကိုင် တော်လှန်ရေး၏ ဘူမိနက်သန် အကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်။ ထို့အတူ လက်ညှိုးထိုးမလွဲ ရောင်းစားစရာ ဖြစ်သော တွင်းထွက် သယံဇာတများ၊ ကျွန်းတောများနှင့် နေပြောက်မထိုး၊ မိုးမခ သစ်တောအုပ်ကြီးများကလည်း ပဋိပက္ခအတွက် ရေရှည်ရှင်သန်စေသော အကြောင်းချင်းရာများ ဖြစ်လာခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက တောင်းဆိုချက်ဖြစ်သည့် အမျိုးသား တန်းတူညီမျှရေးသည် လွတ်လွပ်ရေး ရပြီးနောက် အစိုးရအဆက်ဆက်၏ တိုင်းပြည်သယံဇာတများအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲမှု မရှိနိုင်ခဲ့ခြင်းအောက်၌ နာကျည်းစရာ ဖိနှိပ်မှုအသွင်ဆောင် မူဝါဒများသာ ဖြစ်လာခဲ့ပြီး တိုင်းရင်းသားများ၏ တောင်းဆိုချက်မှာ အိပ်မက်ပမာ […]
22 Jun 2017 Myanmar Quarterly လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing) လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing) ကိုတာ ၁ ၁။ ဧပြီ ၂၀၁၆၊ တောင်ကြီး ပညာရေးဆွေးနွေးပွဲ၌ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) က ကြေညာချက်တစ်ခု ထုတ်သည်။ ပထမအပိုဒ်၌ အောက်ပါအတိုင်း ပါသည်။ “ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်သည် ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် တန်းတူရည်တူ လွတ်လပ်စွာ ဆောင်ရွက်သော ကွန်ရက်ဖြစ်သည်။ ဤကွန်ရက်သည် ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက်ထားသည်။” တန်းတူရည်တူ ဟူ၍လည်းကောင်း၊ ကွန်ရက် ဟူ၍လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက် ထားပါသည် ဟူ၍လည်းကောင်း (NNER)က အထူးပြု ဖော်ပြသည်ကို တွေ့ရသည်။ သူတို့ကား တစ်ဦးတစ်ယောက်က ကြိုးကိုင် ချယ်လှယ်ထားသော အဖွဲ့မဟုတ်၊ မည်သူ့ကိုမျှ ကဏ္ဍကောစ […]
20 Jun 2017 Myanmar Quarterly အုပ်ချုပ်သူများဘက်မှအမြင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်း နိသျှည်း ■ အောင်သူငြိမ်း၁ မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် ဘေးအန္တရာယ် ကြုံရဖွယ်၊ စိုးရိမ်ဖွယ် အခြေအနေ ရှိနေပါပြီလား။ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရ အာဏာရလာခဲ့သော်လည်း၊ များမကြာသေးမီက အထက်မြန်မာပြည်မှ အလုပ်သမားအရေး လှုပ်ရှားသူ ၁၅ ဦးကို ဒဏ်ငွေ ၅,၀၀၀ ကျပ်၊ သို့မဟုတ် တစ်လကြာ အကျဉ်းကျခံရန် အမိန့်ချမှတ်ခဲ့သည်ကို တွေ့ကြရသည်။ ထိုသူများမှာ လုပ်ငန်းခွင်အတွင်း မမျှတမှု ပြဿနာများကို တင်ပြရန် စစ်ကိုင်းစက်မှုဇုန်မှ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ယခုနှစ် မေလတွင် ချီတက်လာသည့် ဆန္ဒပြသူများ ဖြစ်ကြသည်။ ၂ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရက “နိုင်ငံအတွင်းရှိ နိုင်ငံရပ်ခြား အကူအညီများကို စောင့်ကြည့် ကြီးကြပ်နိုင်ရန် ပူးပေါင်းညှိနှိုင်းရေး […]
20 Jun 2017 Myanmar Quarterly အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ အရေးပါသည် ရှုထောင့်အမြင်များ ကမ်မီလာ ဘူဇီ ၁ ၁။ မိတ်ဆက် အရပ်ဘက်အဖွဲ့အစည်းတွေ တည်ရှိခြင်းဟာ အားကောင်းတဲ့ ဒီမိုကရေစီတစ်ခုရဲ့ အရေးအပါဆုံးသော လက္ခဏာတွေထဲက တစ်ခုလို့ ကျွန်မတို့ အမြဲတမ်းလိုလို စဉ်းစားမိတတ်ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီအတွက် အရေးပါတယ် ဆိုရာမှာ အကြောင်းရင်း သုံးခု ရှိပါတယ်။ ပထမတစ်ခုက ဒီအဖွဲ့အစည်းတွေဟာ မတရားမှုတွေ ပြုလုပ်နေတဲ့ အစိုးရကို ပြန်လည် တွန်းလှန်ဖို့အတွက် စုဝေးမှုတွေ လုပ်နိုင်စေမယ့် ဗဟိုဌာနချုပ်တွေအနေနဲ့ အသုံးပြုနိုင်တယ်။ ဒီကနေတစ်ဆင့် ဒီမိုကရေစီ ထိန်းသိမ်းထားလို့ရတယ်။ ဒုတိယက ဒီအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီမှာ လူထုပါဝင်လာဖို့ စည်းရုံးမှုတွေ လုပ်နိုင်လာတယ်။ အဲဒီအတွက်ကြောင့် သမားရိုးကျ ဒီမိုကရေစီပုံစံဟာ နိုင်ငံသားတွေအဖို့ ပိုပြီး အဓိပ္ပာယ်ရှိလာ စေတယ်။ နောက်ဆုံးတစ်ချက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ စုဝေးတာတွေ၊ လှုပ်ရှား ဆောင်ရွက်တာတွေ ပါဝင်လုပ်ဆောင်ခြင်းကနေ […]
20 Jun 2017 Myanmar Quarterly ဒီမိုကရေစီတစ်ပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်က အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး မင်းဇင် ၁ မြန်မာ့တပ်မတော် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရကို ၂၀၁၆ ဧပြီလမှာ အာဏာလွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး အသွင်ကူးပြောင်းရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာစကားပုံမှာ ”တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး” လို့ အဆိုရှိပေမယ့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်နဲ့ အရပ်သားအစိုးရသစ်ကို တစ်ဂူတည်း အတူအောင်းနေဖြစ်အောင် ဖန်တီးထားပါတယ်။ တစ်နည်းပြောရရင်တော့ မြန်မာ့အုပ်စိုးမှုစနစ်ကို ရွေးကောက်ပွဲ ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်းကျင့်ထုံး အားကောင်းမောင်းသန် ပေါင်းစပ်ထားတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စပ်ကြားအုပ်စိုးမှုစနစ် hybrid regime အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီထက်ပြောရရင် အစိုးရသစ်ဟာ သည်းခြေကြိုက် နိုင်ငံရေးညွှတ်ချက် ရှိတာလည်း […]