Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
13 Aug 2017 Conflict, Peace & Security တိုက်ပွဲမှာညီ တိုက်ပွဲပြီးကွဲ ဘာကြောင့်လဲ ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလ ကရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ လွတ်လပ်ရေးရပြီးတဲ့နောက် ပြိုကွဲသွားခဲ့သလို၊ ရှစ်လေးလုံး အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကာလက ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း အခုအချိန်မှာ မှေးမှိန်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ အဲဒီ စည်းလုံးညီညွတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း ပြန်လည်တည်ဆောက်သင့်သလဲဆိုတာ မြန်မာ့အရေးသုတေသီ ဦးမင်းဇင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ရှစ်ဆယ့်ရှစ်မှာ ပြည်သူလူထုတရပ်လုံး မျှော်မှန်းခဲ့ကြတဲ့ မျှော်မှန်းချက်တွေကတော့ အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် အဓိက ဖြစ်ပါတယ်။ မဆလ အစိုးရ ပြုတ်သွားခဲ့တာကတော့ လောလောဆယ် လတ်တလော အောင်မြင်မှု ရခဲ့တယ်ပေါ့။ ဒါပေမဲ့ ရေရှည်မှာ အာဏာရှင်စနစ် ပြုတ်ကျပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားကြရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတယ် ထင်ပါတယ်။ […]
31 Jul 2017 Conflict, Peace & Security ကိုယ့်နိုင်ငံရဲ့ ကိစ္စတွေကို ဘာဖြစ်လို့ နိုင်ငံတကာကိုထွက်ပြီးတော့ မရှင်းပြနိုင်ရတာလဲ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ၏ ခရီးစဉ်အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဂယက်ရိုက်ခဲ့သည့် အခြေအနေများအပေါ် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား Eleven Broadcasting မေးမြန်းပြီး ထုတ်လွှင့်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်။
22 Jul 2017 Politics ဒီမိုကရေစီ အစိုးရသစ်နဲ့ တပ်မတော် ဆက်ဆံရေး ဒီမိုကရေစီ အစိုးရသစ်နှင့် တပ်မတော် ဆက်ဆံရေးအပေါ် ဆွေးနွေးခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ဇူလိုင် ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်း၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ပါဝင် ဆွေးနွေးခဲ့သည်။