Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
8 Jul 2018 Yaw Min Gyi Zayat ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show) ဇူလိုင် ၈ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခဲ့သည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ ပွဲဦးထွက်အစီအစဉ်တွင် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီး အရှင် သောဘိတ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး၊ စာရေးဆရာမ ဂျူး၊ Myanmar Information Technology Pte.Ltd. ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်၊ ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ Ecodev Myanmar […]
3 Jun 2018 Myanmar Quarterly အရပ်ဘက်အဖွဲ့အစည်းတွေ (CSOs) တွေက ဘယ်သူ့ကို ကိုယ်စားပြုသလဲ၊ ဘာကြောင့်ဂရုစိုက်သင့်လဲ
6 Apr 2018 Politics သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Politics သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အယ်ဒီတာ စကားဝိုင်းကို မတ် ၂၃ ရက်တွင် DVB ရုပ်သံက ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်းတွင် NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်မှ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 China Studies တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာ အစီရင်ခံစာ မိတ်ဆက်ပွဲ ISP Myanmar မှ ထုတ်ဝေခဲ့သည့် “တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲနှင့် ဆွေးနွေးမှုများအား တည်းဖြတ် ဖော်ပြထားသော ဗီဒီယို ဖြစ်ပါသည်။ အဆိုပါ သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Kafe in Town ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
6 Apr 2018 Conflict, Peace & Security ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်မလား မွန်ပြည်သစ် ပါတီနှင့် လားဟူအဖွဲ့တို့က တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးမည်ဟု ကြေညာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်သော အကြောင်းအရာများကို DVB အယ်ဒီတာ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်တွင် DVB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး စကားဝိုင်း အစီအစဉ်၌ ဦးမောင်မောင်စိုး၊ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာတဦး ဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Politics သမ္မတ ဘယ်လိုလူမျိုး ဖြစ်သင့်လဲ မကြာမီ ရွေးချယ်မည့် သမ္မတအသစ်နှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း သတင်းဌာန၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးခန်းတွင် NLD ပါတီ၏ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ဘီဘီစီ သတင်းဌာနမှ ဦးဘမော်တို့နှင့်အတူ ISP Myanmar ၏ ပြင်ပ ဆက်ဆံ ဆက်သွယ်ရေးဌာန၊ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မတ် ၂၄ ရက်က ထုတ်လွှင့်ခဲ့သော ဆွေးနွေးခန်းကို အောက်တွင် နားသောတဆင်နိုင်ပါသည်။
11 Dec 2017 China Studies တရုတ် စီမံကိန်းတွေကို ဘယ်လို ကိုင်တွယ်မလဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်၊ မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ သတိပြုစရာ အချက်များ၊ ကြိုတင် ပြင်ဆင်သင့်သည်များ အပေါ် ဆွေးနွေးခဲ့ကြသည့် မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့ပါသည်။ MCN သတင်းဌာနက စီစဉ်ရိုက်ကူးခဲ့သည့် ထိုအစီအစဉ်၌ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ […]
3 Dec 2017 China Studies ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် ဘာတွေ ထူးခြားမလဲ နိုငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်က The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်အား ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်း ဖြေကြားချက် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ https://facebook.com/theMyanmarQuarterly/videos/1490602171238326/
1 Dec 2017 China Studies ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သုံးသပ်ချက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ် အခြေအနေနှင့် မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ယနေ့ မွန်းတည့်ချိန်တွင် ရိုက်ကူးခဲ့ပြီး DVB Facebook စာမျက်နှာ၌ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
22 Nov 2017 Politics ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ရခိုင်အရေး အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် မကြာသေးမီ ရက်များအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတကာ အစည်းအဝေးများ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှု ကျဆင်းစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော အရာများနှင့် လုပ်ဆောင်သင့်သည့် အကြံပြု အကြောင်းအရာများအပေါ် ဆွေးနွေးခြင်းကို “မျက်မှောက်ရေးရာ သုံးသပ်စရာ” အစီအစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက်တွင် MCN သတင်းဌာနက ရိုက်ကူးခဲ့ပါသည်။ ထိုအစီအစဉ်ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ထုတ်လွှင့်ခဲ့သည်။ စကားဝိုင်း အစီအစဉ်၌ မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ […]
10 Nov 2017 Election ရွေးကောက်ပွဲ နှစ်နှစ်အလွန် ဘာတွေ ပြောင်းလဲပြီလဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပြီး၊ ရွေးကောက်ပွဲ နှစ်နှစ်အလွန် ကာလ အပြောင်းအလဲများအပေါ် DVB သတင်းဋ္ဌာန၏ အပတ်စဉ် ကဏ္ဍဖြစ်သည့် အယ်ဒီတာ စကားဝိုင်း အစီအစဉ်တွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးမှုကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက DVB TV News ၏ Facebook စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ကာ စကားဝိုင်း၌ DVB သတင်းဋ္ဌာနမှ ဦးတိုးဇော်လတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်တို့နှင့်အတူ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အယ်ဒီတာ စကားဝိုင်း အပြည့်အစုံကို […]
31 Oct 2017 Conflict, Peace & Security ၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေးနှစ်ဆိုတာ ဖြစ်လာမလား ” ငြိမ်းချမ်းရေး ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ” အစရှိသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အယ်ဒီတာစကားဝိုင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်တွင် DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အစီအစဉ်၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်မှ အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးသည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ Source – DVB TV News
13 Oct 2017 Conflict, Peace & Security ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်အပေါ် သုံးသပ်ခြင်း ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အစိုးရ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သုံးသပ်ချက် အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်းကို DVB သတင်းဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး DVB TV News Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ထိုစကားဝိုင်းတွင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ဝင်ရောက် ဆွေးနွေးခဲ့သည်။ Source – DVB TV News
7 Sep 2017 Conflict, Peace & Security ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သုံးသပ်ချက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် သမ္မတဦးထင်ကျော်ထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး အားနည်းချက်၊ အာသာချက်များအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား DVB သတင်းဌာနက မေးမြန်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။ ဦးအောင်သူငြိမ်း၏ ဖြေကြားချက်များကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။