ISP Products

Articles

8 Nov 2020

၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက်

အနှစ်ချုပ်ဆွေးနွေးချက် ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွက် မဲပေးခဲ့ကြပါပြီ။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ယိုယွင်းလာနေတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေနေ၊ ပိုမိုပြင်းထန်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခ အခြေနေ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနေတဲ့ အခြေနေတွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အလွန်နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွား မှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရင် လုံလောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် […]
5 Nov 2020

၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦး ဆန်းစစ်ခြင်း

၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်တော့မည် ဖြစ်သည်။ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ပုံသဏ္ဍာန်များမှာ ယခင် ရွေးကောက်ပွဲနှစ်ကြိမ်နှင့်မတူ၊ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။ ကိုဗစ်ကာလဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မြေပြင် မဲဆွယ်နည်းထက် အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုများကို ပိုမို အသုံးပြုခဲ့ရသည်။ အွန်လိုင်းအခြေပြု (တနည်း) ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်ရာတွင် ပါတီများအနေဖြင့် နည်းလမ်းအမျိုးမျိုး သုံးကြသကဲ့သို့ ကိုယ်စားလှယ်လောင်းများသည်လည်း နည်းမျိုးစုံ သုံးကာ မဲဆွယ်မှုပြု နေ ကြသည်ကို တွေ့ရပါသည်။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အဓိက အသုံးပြုသည်မှာ Facebook ဖြစ်ပါသည်။ ၂ဝ၂ဝ ပြည့် နှစ် စက်တင်ဘာအထိ သိရှိရသော စာရင်းများအရ မြန်မာနိုင်ငံတွင် လူမှုကွန်ရက် Facebook သုံးစွဲသူ […]
4 Nov 2020

ဆရာဦးထွန်းလွင်သို့ အမှတ်ရခြင်း

အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို ဒေါက်တာမြင့်ဇော်က ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ကျရောက်သည့် “မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်ခဲ့ခြင်း တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။ ဘဝမှာ ဒဏ်ရာတွေ ပါမှ ကဗျာတွေ လှတတ်တယ် ကဗျာတွေ အလွန်လှပေမယ့် ဒဏ်ကတော့ ပြင်းပါတယ်။ တင်မိုး ဆရာ့ကိုလွမ်းရသော အချိန်များတွင် ဆရာက […]
3 Nov 2020

ချည်သောကြိုးများ ဖြတ်ခဲ့ပါ… (မီဒီယာလွတ်လပ်ခွင့်နှင့် ပြောင်းလဲရမည့်ဥပဒေများ)

အယ်ဒီတာမှတ်ချက် ISP-Myanmar အနေဖြင့် မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာရေးအတွက် မြော်မြင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ အစိုးရသည် လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အပြင် ပြည်သူအားလုံးပါဝင်မှုကို လမ်းဖွင့်ပေးသော အစိုးရတရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။ အဆိုပါ ဦးတည်ချက်၊ မြော်မြင်ချက်များနှင့် ပတ်သတ်၍ ရှုထောင့်စုံ အမြင်များ ထုတ်ဖော်ခွင့်ရရေး၊ ထိုအမြင်များပေါ် အခြေခံ၍ ဆီလျော် ထိရောက်မည့် မူဝါဒများ ပေါ်ထွန်း ရေးကို အားပေးပါသည်။ သို့ဖြစ်၍ ပြင်ပသုတေသီများ၊ လှုပ်ရှား ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ သဘောထားအမြင် ဆောင်းပါးများ ရေးသားရန်တောင်းခံပါသည်။ မတူကွဲပြားသည့် အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား၍ မူဝါဒများ ချမှတ်နိုင်စေရေး ရည်သန်ပါသည်။ ဆောင်းပါးများပါ အမြင်သဘောထားများမှာ ဆောင်းပါးရှင်များ၏ အာဘော်သာဖြစ်ပါသည်။ ယခုဆောင်းပါးတွင် […]
14 Aug 2020

မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျကိုယ်စားပြုခြင်းဆိုင်ရာ ဆင်ခြင်ယူဆချက်တချို့

ဒီမိုကရေစီမှာ နိုင်ငံရေးအရကိုယ်စားပြုမှုအကြောင်းပြောကြရင် နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကို ချိတ်ဆက်ပြောဆိုကြရမြဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲ၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်နဲ့တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနေရဆဲနိုင်ငံမှာတော့ နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဒီအခြေနေတွေကို ထင်ဟပ်သလား၊ ရွေးကောက်ပွဲတွေကရော ဒီမိုကရေစီ ခိုင်မြဲ တည်တံရေးနဲ့ အမျိုးသားရင်းကြားစေ့ ညီညွတ်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမလား ဆိုတာ စောကြောစရာကောင်းပါတယ်။ ဒီဆောင်းပါးမှာ ဆင်ခြင်အနုမာနပြုချင်တာကတော့ (၁) မြန်မာနိုင်ငံရေး ပါတီစနစ်နဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံပဋိပက္ခ တွေကို ပင်လျှင် ထင်ဟပ် ကိုယ်စားပြုနိုင်ခြင်း မရှိဘူး။ (၂) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီ ကို ခိုင်မြဲ တည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကိုလည်း ဦးတည်နိုင်ချေရှိ မရှိက တော့ အာဏာရသူတွေရဲ့ […]