ISP Products

Analysis

16 Jul 2017

နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ

ဒေးဗစ်ဇေးဘလက်၊ ၂၀၀၆၊ နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ ၊ ပရင်စတန်။ အောက်စ်ဖို့ဒ်၊ ပရင်စတန်တက္ကသိုလ်ပုံနှိပ်တိုက်။ ကမ်မီလာဘူဇီ ၁ ဇေးဘလက်ရဲ့ ၂၀၀၆ ခုနှစ်ထုတ် စာတမ်းဟာ ၁၉ ရာစုအတွင်းမှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ နိုင်ငံထူထောင်မှုတွေကို အပြိုင်လေ့လာမှု ပြုထားခြင်းဖြစ်ပြီး ဂျာမနီအနေနဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်လာချိန်မှာ အီတလီအနေနဲ့ ဘာကြောင့် ဖြစ်မလာရလဲဆိုတာကို စာတမ်းရှင်အနေနဲ့ လေ့လာထားချက် ဖြစ်ပါတယ်။ ၁၉ ရာစုဟာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်ကြီးတွေမှာ နိုင်ငံရေးမြေပုံတွေ အပြောင်းအလဲဖြစ်ခဲ့လို့ ကမ္ဘာ့သမိုင်းမှာ အရေးပါတဲ့ ဆုံမှတ်အဖြစ် မကြာခဏ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အဖွဲ့အစည်းမူဘောင်စုံလင်မှုတွေ အားကောင်းပြီး အမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတဲ့အချိန်လည်း ဖြစ်တယ်လို့ ဇေးဘလက်က […]
16 Jul 2017

တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက်မှ ကိုဖရန်ကီအား မေးမြန်းခြင်း

တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက် (TRIP NET) တည်ထောင်သူ ကိုဖရန်ကီအား မေးမြန်းခြင်း ■ မေး။   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ သယံဇာတ အရင်းအမြစ် ခွဲဝေရေးကလည်း ခေါင်းစဉ်တစ်ခု အနေနဲ့ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်စနစ်နဲ့ သယံဇာတအရင်းအမြစ် ခွဲဝေရေး အဆက်အစပ်ကို အရိုးရှင်းဆုံး ဘယ်လိုနားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။ ဖြေ။     ဖက်ဒရယ်စနစ်နဲ့ သယံဇာတ အရင်းအမြစ် ခွဲဝေရေးခေါင်းစဉ်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း မြင်နိုင်တာကတော့ ဖက်ဒရယ်ဆိုတာ တန်းတူမှု၊ စည်းလုံးမှု၊ ဝိုင်းဝန်းကူညီမှုနဲ့ ဆက်စပ်မှု ဆိုတာတွေကို အခြေခံထားတယ်။  ဒါကြောင့် သဘာဝရင်းမြစ် ခွဲဝေမှုဆိုတာကို စဉ်းစားကြတဲ့အခါ အခွန်အကောက်နဲ့ ဘဏ္ဍာရေးဆိုတာကို […]
16 Jul 2017

NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း ■ မေး။    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ ပညာရေးကလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်နဲ့ ပညာရေး အဆက်အစပ်ကို အရိုးရှင်းဆုံးဘယ်လို နားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။ ဖြေ။    ဖက်ဒရယ်စနစ် ထူထောင်တော့မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရပါမယ်။ ကိုယ်ပိုင်ပြဌာန်း ဆိုရာမှာလည်း ပညာရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်ထဲမှာလည်း ထည့်ရပါမယ်။ ပညာရေးဆိုင်ရာကိုယ်ပိုင်ပြဌာန်းခွင့်မှာ ကိုက်ညီတဲ့ ပညာရေးစနစ် လိုတယ်။ ကျွန်တော်တို့နိုင်ငံက ဒီလို တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သောနိုင်ငံ ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ […]
16 Jul 2017

ပြည်ထောင်စု အင်စတီကျု၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးခွန်းဆေအား မေးမြန်းခြင်း

■ မေး။   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာ ခေါင်းစဉ်အလိုက်ဆိုပြီး သုံးမျိုး ပါဝင်ပါတယ်။ ဒီလို သုံးခု ခွဲခြားထားတာက ဘာအတွက် ဘယ်လို အထောက်အကူပြုပါသလဲ။ လိုအပ်တဲ့ခွဲခြားမှုအဖြစ် ရှုမြင်ပါသလား။ ဖြေ  –   အဲဒါ ကျွန်တော် မပါဘူးဗျ။ အဲဒီတော့ ဒီဥစ္စာက ကျွန်တော် ဖြေလို့မရဘူး။ ■ မေး။   အဲဒီ သုံးခုခွဲတာရယ်၊ လေ့လာသူ သုံးသပ်သူအနေနဲ့ ကြည့်မယ်ဆိုရင် အားသာချက်၊ အားနည်းချက် ဘယ်လို အကျိုးရှိမလဲ။ ဖြေ  –   အခု လောလောဆယ်ကတော့ လုပ်နိုင်သလောက် သူတို့ ဘာတွေလုပ်နိုင်သလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ လိုတယ်လို့ […]
10 Jul 2017

ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး

ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ […]
30 Jun 2017

ဆန်ရှင် အလွန်ကာလ စီးပွားရေး အလားအလာကောင်းတွေ ရှိနေ ပြီလား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB Business Debate (စီးပွားရေး ဒီဘိတ် အစီအစဉ်) မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပင်တိုင် ဆွေးနွေးသူတွေ အဖြစ် ကျနော်ရယ်၊ ကိုမောင်မောင် (ပြည်သစ်ညွန့်ဝေ) (CTUM) တို့ ဆွေးနွေးကြပါ တယ်။ စီးပွားရေး ဒဏ်ခတ် အရေးယူမှု (ဆန်ရှင်) တွေ ဖြစ်ပေါ်လာရတယ်၊ အကျိုးရယ် အကြောင်းရယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ များစွာ ဆက်စပ်နေပါတယ်။ အကယ်၍ မြန်မာ အစိုးရ (စစ်အစိုးရ) က လူ့အခွင့်အရေး ဒီမိုကရေစီဆန့်ကျင်တဲ့ လုပ်ရပ်တခုလုပ်တဲ့အခါ၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှု တခုလုပ်ဖို့ ကြိုးစားပါတယ်။ (Tit for tat) သဘော ဆောင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို […]
22 Jun 2017

လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing) 

လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing)  ကိုတာ ၁ ၁။       ဧပြီ ၂၀၁၆၊ တောင်ကြီး ပညာရေးဆွေးနွေးပွဲ၌ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) က ကြေညာချက်တစ်ခု ထုတ်သည်။ ပထမအပိုဒ်၌ အောက်ပါအတိုင်း ပါသည်။ “ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်သည် ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် တန်းတူရည်တူ လွတ်လပ်စွာ ဆောင်ရွက်သော ကွန်ရက်ဖြစ်သည်။ ဤကွန်ရက်သည် ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက်ထားသည်။” တန်းတူရည်တူ ဟူ၍လည်းကောင်း၊ ကွန်ရက် ဟူ၍လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက် ထားပါသည် ဟူ၍လည်းကောင်း (NNER)က အထူးပြု ဖော်ပြသည်ကို တွေ့ရသည်။ သူတို့ကား တစ်ဦးတစ်ယောက်က ကြိုးကိုင် ချယ်လှယ်ထားသော အဖွဲ့မဟုတ်၊ မည်သူ့ကိုမျှ ကဏ္ဍကောစ […]
20 Jun 2017

နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ်

နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ် ကျော်ကျော်ငြိမ်းချမ်း ၁ နိုင်ငံရေးနဲ့ လူမှုသိပ္ပံဘာသာရပ် နယ်ပယ်မှာ အာဏာ(သို့) နိုင်ငံရေးအာဏာနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိကြပါတယ်။ ယေဘုယျ ဖွင့်ဆိုချက် တစ်ခုက “လူ့ဘောင် အသိုင်းအဝိုင်းအတွက် လူထုအရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်တဲ့၊ ပေါ်လစီမူဝါဒတွေကို ချမှတ် လုပ်ဆောင်နိုင်တဲ့ လူအသိုင်းအဝိုင်း တစ်ခုထဲက လူတစ်စုက ကိုင်စွဲထားတဲ့ လုပ်ပိုင်ခွင့် အာဏာ” ၂ လို့ ဆိုပါတယ်။ အကြမ်းမဖက် လူထုလှုပ်ရှားမှုများဆိုင်ရာ ဂုရုတစ်ပါးဖြစ်တဲ့ ဒေါက်တာဂျင်းရှပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ဒီလိုပါ။ “နိုင်ငံရေးအာဏာ ဆိုသည်မှာ အထူးသဖြင့် လက်ရှိ အာဏာပိုင်အစိုးရ၊ နိုင်ငံတော်နှင့် သြဇာအာဏာရှိ အတိုက်အခံများက မိမိတို့ အာဏာရရှိရေး ရည်မှန်းချက်များ အောင်မြင် […]
20 Jun 2017

တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း

တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း ဇူနက်တာ ဟားဘတ် ၁ ■ နိဒါန်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဆန္ဒရှိသည့် အကြောင်းအရာများအနက် တစ်ခုမှာ “တရားဥပဒေ စိုးမိုးရေး” ဖြစ်ပြီး မြန်မာပြည်အတွက် ဦးစားပေး ကိစ္စတစ်ခု ဖြစ်ကြောင်း ယခင်ကတည်းက ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ “တရားဥပဒေ စိုးမိုးရေး”ဟူသည့် စကားလုံးမှာလည်း ၂၀၁၂ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော လွှတ်တော် ကော်မတီတစ်ခု ဖြစ်သည့် “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ”၏ ခေါင်းစဉ်အမည်တွင် ပါဝင်သည့် စကားလုံးဖြစ်ကာ၊ ရွေးကောက်ပွဲ ကာလကတည်းက NLD ပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပြင် တိုင်းဒေသကြီးနှင့် […]
20 Jun 2017

ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု

ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ဇော်တူးဆိုင်း ၁ လန်ဒန်အခြေစိုက် Charitable Aid Foundation က ကမ္ဘာပေါ်တွင် အလှူဒါနပြုလုပ်မှု အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အဲဒီ တစ်ပြိုင်တည်းမှာပဲ မေးခွန်းထုတ်ရမှာက အလှူအတန်းက ရလာတဲ့ အလှူဒါနတွေ ဘယ်လောက် များသလဲ။ ငွေရေးကြေးရေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ ဆိုတာပါပဲ။ ဘယ်သူတွေ လှူကြသလဲ။ အလှူဒါနကို လက်ခံတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိကြသလား။ ပညာရှင်တွေဟာ ၁၉၉၀ အစောပိုင်းကတည်းက  နိုင်ငံတကာမှာ  အလှူအတန်းတွေ များလာပြီး ဘာသာရေး အကျင့်ပျက်ခြစားမှုတွေလဲ များပြားလာတဲ့အတွက် စစ်တမ်းတွေ ကောက်၊ သုတေသနတွေလုပ်ရင်း လေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးကာ စာပေစာတမ်းတွေ […]
20 Jun 2017

အကြမ်းမဖက် တော်လှန်ရေးများ၊ အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း

အကြမ်းမဖက် တော်လှန်ရေးများ (အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း) Unarmed Insurrections: People Power Movements in Nondemocracies. Kurt Schock. Minneapolis, MN:  The University of Minnesota Press, 2005. 228 Pages. အာကာဟိန်း ၁ ၁၉၈၀ ပြည့်နှစ်များ မတိုင်မီ အချိန်အထိ အကြမ်းမဖက် လှုပ်ရှားမှုဟု ဆိုလိုက်ရင် အများအားဖြင့် နိုင်ငံရေးအရ ရင့်ကျက်ပြီးနိုင်ငံများ တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံများ (ဥပမာ- ၁၉၆၀ တစ်ဝိုက်တွင် အမေရိကန်နိုင်ငံ၌ ပေါ်ပေါက်ခဲ့သော လူမည်းအခွင့်အရေး လှုပ်ရှားမှု) တွင်သာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဆိုပြီး ပညာရှင်အများစုက အမှတ်သညာ ပြုကြသည်။ အခု လက်ရှိအချိန်အထိ သေနတ်ပြောင်းဝမှာရှိတဲ့ […]
20 Jun 2017

ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းခြင်း

■ ဦးဝင်းမျိုးသူ ဦးဝင်းမျိုးသူသည် မြန်မာနိုင်ငံ၏ သဘာ၀၀န်းကျင် အဖွဲ့အစည်းတစ်ခုဖြစ်သော Ecodev ကို စတင်ထူထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။ ■ မေးခွန်း(၁) မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ် ခံယူထားပါသလဲ။ ■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အနည်းဆုံး နယ်ပယ်နှစ်ခုမှာတော့ အရင်ကထက် ပိုပြီး အရေးပါလာတယ်ဆိုတာ သိသာလာပါတယ်။ ပထမ တစ်ခုကတော့ အများပြည်သူ အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု အခန်းကဏ္ဍက ဟာကွက်တွေကို ဖြည့်စွမ်းပေးနိုင်ရေးပါ။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ဈေးကွက်ဗဟိုပြုစနစ်ကို ဖြည်းဖြည်းချင်းသွားဖို့ ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။  ဒါပေမဲ့ အခြေခံလူတန်းစားတွေ လက်လှမ်းမှီတဲ့၊ အစိုးရက ဖြည့်ဆည်းတဲ့ အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု […]