Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
7 Mar 2018 Myanmar Quarterly ဦးကြည်မောင်အမှတ်တရ အထူးကဏ္ဍ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းခြင်းကို ပျက်ပြားစေသည့် အကြောင်းတရားအဖြစ် စွပ်စွဲခံခဲ့ရသည့် ( Asiaweek မဂ္ဂဇင်း၌ ဖော်ပြခဲ့သော) ဦးကြည်မောင်၏ နုရင်ဘတ်ခုံရုံး အင်တာဗျူးနှင့် ဆက်စပ် အခြေအနေကို ဦးကြည်မောင်အား ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခဲ့သူ သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါ၏ ပြန်ပြောင်းပြောဆိုချက်များနှင့် ထိုအချိန်က တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ခြင်း မရှိသည့် မူရင်းအင်တာဗျူး အပြည့်အစုံကို သမိုင်းအထောက်အထား တစ်ရပ်အဖြစ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ယခုအထူးကဏ္ဍတွင် ဖော်ပြထားပါသည်။ ယခုကဏ္ဍအဖွင့်တွင် ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာပိုင်း လေ့လာချက်ကို ဖော်ပြထားပြီး ဒေါမနစ် ဖူလ်ဒါ၏ ပြန်ပြောင်း ပြောဆိုချက်ဆောင်းပါးနှင့် ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asiaweek မဂ္ဂဇင်း၌ ဖော်ပြထားသော အင်တာဗျူးနှင့် […]
7 Mar 2018 Myanmar Quarterly MMRQ အတွဲ ၁၊ အမှတ် ၃ အတွက် ဒန် စလိတ်တာ ၏ စကားဦး The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် အတွဲ ၁၊ အမှတ် ၃ အတွက် ဒန် စလိတ်တာ ၏ စကားဦး။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ခြင်း၊ သို့မဟုတ် ကျရှုံးခြင်း၏ အလားအလာများကို တိုင်းတာခန့်မှန်းရာ၌ အဆိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အလွန် ကွဲပြားခြားနားသော နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်ပေါ်လာကြကြောင်း အသိအမှတ်ပြုထားရန် အရေးကြီးပါသည်။ ပထမ အခင်းအကျင်းတစ်ခုမှာ အာဏာရှင် အုပ်ချုပ်သူများက သူတို့ထံတွင် ရွေးချယ်စရာ နည်းလမ်း အနည်းငယ်သာ ရှိတော့သည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လက်ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ အာဏာရှင်အစိုးရ တစ်စစီ ပြိုကွဲနေခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြမှုများ ကြီးမားပြင်းထန်လာခြင်း၊ သို့မဟုတ် စီးပွားရေးစနစ် ပြိုလဲသွားခြင်း၊ သို့မဟုတ် ပြည်ပဖိအားများ များပြားလာခြင်းတို့ကြောင့် […]
7 Mar 2018 Myanmar Quarterly အယ်ဒီတာမှတ်စု (၁) နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအဖြစ် အရပ်သားအစိုးရအုပ်ချုပ်ရေး အာဏာရရှိခဲ့တာ အချိန်တစ်နှစ်ခွဲနီးပါး ရှိခဲ့ပါပြီ။ မြန်မာ့ အသွင်ကူးပြောင်းရေး ဘယ်ကလာပြီး ဘယ်ကို ဦးတည်ရှေးရှုနေပါသလဲ။ ဒီအကြောင်းတွေကို ဒီတစ်ကြိမ်ထုတ် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာလေးရေး ဂျာနယ်မှာ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်တင်ပြထားပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်ခုရဲ့ အသွင်ကူးပြောင်းမှုဆိုတာ နိုင်ငံရေးအရ အသွင်ကူးပြောင်းခြင်း (political transition) ကို ဆိုလိုတာပါ။ ဒါကို အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့အခါ နိုင်ငံတခုအနေနဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာခြင်း၊ ဒီမိုကရေစီ မဟုတ်တဲ့ အခြေအနေကနေ ဒီမိုကရေစီအခြေအနေ ပြောင်းလဲလာခြင်းလို့ ဆိုပါတယ်။ ဒီအယူအဆက ခေတ်နောက်ကျပြီး အသုံးဝင်မှု မရှိတော့ဘူးလို့ ပြောကြသူတွေရှိပေမဲ့ ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းတွေမှာ ဖြစ်ခဲ့တဲ့ အရောင်တော်လှန်ရေးတွေ၊ အာရပ်နွေဦးလို့ […]
7 Mar 2018 Myanmar Quarterly ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှား ဆောင်ရွက်နေသူ မောင်ဆောင်းခအား မေးမြန်းခြငး သူတို့အနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲ ဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – အဓိကက အစိုးရရဲ့ မူလကြွေးကြော်သံဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ အဲဒီစကားလုံးက ထိပ်ပိုင်းပေါ့။ တပ်မတော်နဲ့ လက်ရှိ NLD အစိုးရ ကြားထဲမှာပဲ ရှိနေပြီး […]
7 Mar 2018 Myanmar Quarterly သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်အား မေးမြန်းခြင်း စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ် ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလိုအမှားမျိုးကို ထပ်မမှားသင့်ဘူး။ သေချာစိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – နိုင်ငံတစ်ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေးထားပြီး ဆက်ဆံရတဲ့ ချစ်ကြည်ရေးဆိုတာကို အရင်ဆုံး […]
7 Mar 2018 Myanmar Quarterly လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာအား မေးမြန်းခြင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တနည်း ပြောရလို့ရှိရင် … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – မြန်မာ့ အသွင်ကူးပြောင်းရေး ဦးတည်ချက်ဟာ ဒီမိုကရေစီ အုတ်မြစ်ချရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့က စစ်အာဏာရှင်စနစ်အောက်က […]
7 Mar 2018 Myanmar Quarterly ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး (PACE) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာအား မေးမြန်းခြင်း “လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်း စောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ် ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ” ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲစနစ် ဘယ်လောက်အထိ လိုက်လျောညီထွေမှု ဖြစ်သလဲ။ ■ ဖြေ – အခုလောလောဆယ် ကျွန်တော်တို့သုံးတဲ့ ရွေးကောက်ပွဲစနစ်ပေါ့။ majority system ပေါ့။ အတိအကျပြောရရင် first-past-the-post ဆိုတဲ့ အခါကျတော့ ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ဗျာ။ ဒီရွေးကောက်ပွဲ တစ်ရပ်ကနေပြီးတော့ ထွက်လာတဲ့ အစိုးရက ပိုပြီးတော့မှ တည်ငြိမ်တဲ့ အစိုးရမျိုး ရချင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြဿနာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာက […]
7 Mar 2018 Myanmar Quarterly ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး စိုင်းညွန့်လွင်အား မေးမြန်းခြင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ပြုပြင်ဖို့နဲ့ အစိုးရအဖွဲ့ကိုလည်း ပြန်လည် သုံးသပ်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ကိုယ်လုပ်နေတဲ့လုပ်ငန်း တုံ့ဆိုင်းနေခဲ့ရင် အဲဒီလုပ်ငန်းကို စပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီအချက်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – နှစ်ပေါင်း ၅၀ ကျော်လောက် စစ်တပ်ရဲ့ နည်းအမျိုးမျိုးနဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရပြီးပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံလည်း ဖြစ်နေပြီဆိုတော့ ဒီတခါ မြန်မာ့ […]
7 Mar 2018 Myanmar Quarterly နိုင်ငံရေး ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းအား မေးမြန်းခြင်း ၂၀၁၆ ခုနှစ်နောက်ပိုင်း လွှတ်တော်တွေ၊ အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ ဖြစ်သင့်တာထက် လျော့နေတာကတော့ အားမလိုအားမရစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့မတိုး၊ နောက်မဆုတ်၊ သောင်မတင်၊ ရေမကျလို့ ပြောကြတာ ဖြစ်မယ်ထင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူလူထု ပါဝင်မှုကို ချဲ့ထွင်ပေးနိုင်ဖို့ အရေးကြီးမယ်လို့ ယူဆပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ။ ။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပဲ ဖြစ်သင့်ပါတယ်။ နှစ် […]
7 Mar 2018 Myanmar Quarterly နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွက်လာရန် ကြိုးပမ်းနေသူ ကိုကိုကြီးအား မေးမြန်းခြင်း ရွေးကောက်ပွဲ နည်းလမ်းနဲ့၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါကျတော့ ကျွန်တော်တို့ စစ်ဘက်-အရပ်ဘက်ကို အာရုံစိုက်ရင်း၊ ပြောနေကြရင်းနဲ့ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ သတိမပြုမိသလို ဖြစ်နေတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – ကျွန်တော့်အမြင် ပြောရရင်တော့ အများပြောနေကြတာက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ဘက်က ရာနှုန်းပြည့် ချုပ်ကိုင်ထားရာကနေပြီးတော့ ပြင်ဖို့၊ ပြောင်းဖို့ ငြင်းကြရင်းနဲ့ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် […]
7 Mar 2018 Myanmar Quarterly ပုံပျက်ပန်းပျက်အန္တရာယ်များသောအချက်အလက်များပင်လော . . . ၂၀၁၄ခုနှစ်လူဦးရေနှင့်သန်းခေါင်စာရင်းမှလူမျိုးဟူသည့်အသုံးအနှုန်းကိုဆန်းစစ်ခြင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ လူဦးရေနှင့် ပတ်သက်၍ ပထမဦးဆုံးသော စစ်မှန်သည့် လျှပ်တပြက် ရုပ်ပုံလွှာပင်ဖြစ်သည်။ ■ ဖရက်ဒရစ် အော့က်ဝါယို ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှု၏ နည်းပညာအကြံပေးအရာရှိချုပ် (UNFPA, 2013) ၂၀၁၄ ခုနှစ်၌ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) က နည်းပညာပိုင်းဆိုင်ရာ ဦးဆောင် ပံ့ပိုးပေးသည့် အဖွဲ့အစည်းအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုမြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန (MOIP) ၁ ကို ပံ့ပိုးကူညီပေးခြင်းအားဖြင့် နှစ်ပေါင်း ၃၁ နှစ် အတောအတွင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါသည်။ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူသည့် မေးခွန်း ၄၁ ချက်ထဲတွင် “လူမျိုး”ဟူသော မေးခွန်းတစ်ခုလည်း ပါဝင်ခဲ့ပါသည်။ […]
7 Mar 2018 China Studies • Myanmar Quarterly ကွန်မြူနစ်လွန် နိုင်ငံများတွင် အာဏာရှင် ခေါင်းဆောင်များကို အနိုင်ယူ ဖယ်ရှားခြင်း Defeating Authoritarian Leaders in Postcommunist Countries by Valerie Bunce and Sharon L. Wolchik Valerie Bunce နှင့် Sharon L. Wolchik တို့၏ ၂၀၁၁ ခုနှစ်ထုတ် Defeating Authoritarian Leaders in Postcommunist Countries စာအုပ်ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ကျင်းပခဲ့သော ကွန်မြူနစ်လွန် ရွေးကောက်ပွဲများအကြောင်းကို လေ့လာ သုံးသပ်ထားခြင်းဖြစ်ပြီး ကွန်မြူနစ်လွန် နိုင်ငံပေါင်း ကိုးနိုင်ငံတွင် ဖြစ်စဉ် ခြေရာကောက်ခြင်း၊ နှိုင်းယှဉ် လေ့လာခြင်း၊ ဘုံစံနမူနာပုံစံများ ဆွဲထုတ်ကာ ခြောက်နှစ်ကြာ စမ်းသပ်လေ့လာထားခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်သည် ကွန်မြူနစ်လွန် […]
7 Mar 2018 Myanmar Quarterly ရှင်ရင်ရွှေထီး Golden Parasol A Daughter’s Memoir of Burma Chatto & Windus, 2013. Golden Parasol (ရှင်ရင်ရွှေထီး) စာအုပ်၏ ခေါင်းစဉ်ခွဲမှာ “ဗမာပြည်မှ သမီးတစ်ယောက်၏ ကိုယ်တွေ့မှတ်တမ်း”ဟု အမည်ပေးထားသော်လည်း ထို့ထက်များစွာ ပိုလွန်ပါသည်။ စာရေးသူ ဝင်ဒီလောရုံသည် စာဖတ်သူများအနေဖြင့် သူ၏ဖခင် အက်ဒွပ်လောရုံအပေါ် ပိုမိုနားလည် သဘောပေါက်စေနိုင်မည့် ခရီးတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ပေသည်။ ထို့အပြင် အကြောင်းအရာပေါင်းစုံ စုံလင်ကြွယ်ဝမှု၊ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်မှုတို့ကြောင့် စာဖတ်ပရိသတ် အများစုကလည်း စိတ်ပါဝင်စားကြပါလိမ့်မည်။ ယင်းတို့အနက် စာဖတ်ပရိသတ်ကို ညှို့ယူဖမ်းအစားနိုင်ဆုံးမှာ ဗမာပြည်၏ စစ်ပြီးခေတ် သတင်းစာလုပ်ငန်း၊ ဦးနု ခေါင်းဆောင်သော ပြည်ပြေးလှုပ်ရှားမှုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ အကြောင်းများပင် ဖြစ်ပါသည်။ အက်ဒွပ်လောရုံ (၁၉၁၁-၁၉၈၀)၏ ဘဝတစ်လျှောက်တွင် လွတ်လပ်ရေးရပြီးခေတ် […]
6 Mar 2018 Myanmar Quarterly မြန်မာ ယခု ဘယ်ဆီသို့ အာရှလေ့လာရေး နော်ဒစ်အင်စတီကျူ့ စာအုပ်တိုက်၊ Burma/Myanmar: Where Now? Mikael Gravers and Flemming Ytzen (eds) Nordic Institute of Asia Studies Press, 2014. လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်လောက်က ဆိုရင်တော့ လေ့လာသူ အားလုံးရဲ့အမြင်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာစရာ မရှိဘူးလို့ ယူဆခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ်မှာတော့ အားလုံး အံအားသင့်စရာ ကောင်းအောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ Mikael Gravers နဲ့ Flemming Ytzen တို့ တည်းဖြတ်ပြီး ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Burma/Myanmar: Where Now? ဆိုတဲ့ စာအုပ်ဟာ […]
24 Jul 2017 Myanmar Quarterly ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ မင်းဇင် ၁ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် […]