Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
16 Jul 2020 Myanmar Quarterly လူမှုတရားမျှတရေး သမိုင်းကြောင်းတလျှောက်လုံးတွင် လူမှုဆိုင်ရာ တရားမျှတမှုရရှိရန် ပြင်းပြသည့် စေ့ဆော်မှုများက လူသားတို့ကို လှုပ်ရှားမှုများဖြစ်အောင် ရိုက်ခတ်စေခဲ့ပါသည်။ လူမှုဆိုင်ရာတရားမျှတမှု ဆိုသည်မှာလည်း လူ့အဖွဲ့အစည်း အတွင်းရှိ အစုအဖွဲ့များ၊ သို့မဟုတ် လူတန်းစားအသီးသီးအပေါ် မမျှမတဆက်ဆံမှုနှင့် အခွင့်အလမ်းပိုင်းဆိုင်ရာ မညီမျှမှုများကို အသိအမှတ်ပြုခြင်းနှင့် ဖြေရှင်း ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ရုန်းကန် လှုပ်ရှားမှုမှာ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုတခုသာမက လူမှုဆိုင်ရာ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားမှုလည်း ဖြစ်ပါသည်။ထို့ကြောင့် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်နှောင်းပိုင်းတို့၌ မြန်မာနိုင်ငံရှိ လူအများစုက လက်ဝဲအဖွဲ့အစည်းများအတွင်းသို့ ရောက်ရှိသွားကြခြင်းမှာလည်း လူမှုဆိုင်ရာ တရားမျှတမှုက အရေးကြီးသည်ဟု ထင်မြင်ယူဆကြခြင်းကြောင့်ဖြစ်ပါသည်။ ထိုမှတဖန် ပြီးခဲ့သည့် ဆယ်စုနှစ် များအတွင်းက လူမှုဆိုင်ရာတရားမျှတမှုနှင့် ပတ်သက်သည့် အယူအဆများကို တပ်မတော် အသိုင်းအဝိုင်း၏ အခွင့်ထူးခံကိစ္စများကို လျှော့ချရေး၊ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာရေး ဆိုင်ရာ […]
24 Sep 2019 Others မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား စက်တင်ဘာ ၂၁ ရက်က “ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် တရားမျှတမှု – ဒဿန အဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ISP – Myanmar မှ ပြုလုပ်သော Myanmar Quarterly Symposium အဖွင့်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး H. E. Kristian Schmidt ပြောကြားခဲ့သည့် မှတ်ချက်စကား ဗီဒီယို ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် အလွတ်သဘော ပြန်ဆိုထားချက်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ ► EU သံအမတ်ကြီး၏ အဖွင့်မှတ်ချက် မင်္ဂလာပါ။ ကျေးဇူးတင်ပါတယ်။ သိပ်ကောင်းပါတယ်။ ကျနော် ခံစားနေရတာ တက္ကသိုလ်ကို ပြန်ရောက်သွား သလိုပါပဲ။ ကျနော် […]
23 Sep 2019 Others ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု” ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း ” ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု၊ ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း “- ISP Myanmar က စီစဉ် ပြုလုပ်နေသော Myanmar Quarterly Symposium ၏ စတ္တုထ အကြိမ် ဆွေးနွေးပွဲ စကားဝိုင်းကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၁) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၁) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၂) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၂) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု […]
19 Sep 2019 Myanmar Quarterly Myanmar Quarterly Symposium – 4 ❑ Symposium မိတ်ဆက် ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု၊ ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း Advancing Social Justice in Myanmar: Seeking Its Philosophical Roots and Policy Options for a Divided Society မည်သူမဆို တက်ရောက်နိုင်ပြီး ထိုင်ခုံနေရာအတွက် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။ ► တက်ရောက်လိုသူများအနေဖြင့် ဖုန်း – ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊ ဝ၉ ၅၁၈၈ ၇၀၉ များသို့ ဆက်သွယ်၍ လည်းကောင်း၊ အီးမေးလ် mediaprojectmanager@ispmyanmar.com, ispmminfo@gmail.com သို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။ ❒ မြန်မာ့လူ့အဖွဲ့အစည်းနှင့် […]
13 Jun 2019 China Studies တရုတ်သံအမတ် အပြောင်းအလဲအလွန် တရုတ်မြန်မာဆက်ဆံရေး လူ၊ မူနှင့် အီလစ်-ပြည်သူသဘောထားအဟ ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့သည် တရုတ်သံအမတ်သည် တာဝန် ပြီးဆုံးပြီး ပြန်လည် ထွက်ခွာတော့မည် ဖြစ်သည်။ သံအမတ်၏ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် လေးနှစ်တာ သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးတွင် မကြုံစဖူး အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလအတွင်းတွင် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်များနှင့် အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း၊ မြစ်ဆုံဆည် စီမံကိန်း ရပ်နားခြင်းများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော တရုတ် မြန်မာ ဆက်ဆံရေးသည် အေးစက် နေခဲ့ရာမှ ပြန်လည် အရောင်အသွေး စုံလင်လာခဲ့သည်။ တရုတ်နိုင်ငံ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး စသည့် ပြည်သူ လူထု […]
4 May 2019 Governance studies သမ္မတ နှစ်သစ်မိန့်ခွန်းကို မူဝါဒ ရှုထောင့်မှ ဆန်းစစ်ခြင်း မူဝါဒများ အလုပ်ဖြစ် မဖြစ်ကို စဉ်းစားကြတဲ့ အခါ ချဉ်းကပ်ပုံ အမျိုးမျိုးထဲမှ အခြေခံ အဆင့် သုံးဆင့်နဲ့ စဉ်းစားတဲ့ ပုံစံ ရှိပါတယ်။ အဲဒါကတော့ အရင်ဆုံး လိုချင်တဲ့ ဦးစားပေး ပန်းတိုင်များ (Goals/ Objectives) ချမှတ်၊ ပြီးနောက် အဲဒီ ပန်းတိုင်တွေကို ရောက်ဖို့ မဟာ ဗျူဟာတွေ (Strategies) ရေးဆွဲ၊ နောက်ဆုံး အဲဒီ မဟာဗျုဟာတွေကို အသေးစိတ် အကောင်အထည် ဖော်ပေးမယ့် နည်းလမ်းတွေနဲ့ ပြီးစီးမှု အချက်အလက်တွေကို ဖော်ပြပေးမယ့် (Measures & Milestones) ဆိုပြီး GOSM အဆင့် သုံးဆင့်နဲ့ ကြည့်တဲ့ ချဉ်းကပ်ပုံ ဖြစ်ပါတယ်။ ဥပမာ – အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) […]
17 Dec 2018 Myanmar Quarterly မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား ” မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား “- ISP Myanmar က စီစဉ် ပြုလုပ်နေသော Myanmar Quarterly Symposium ၏ တတိယ အကြိမ် ဆွေးနွေးပွဲ စကားဝိုင်းကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( ပထမပိုင် း) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( ဒုတိယပိုင်း ) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( တတိယပိုင်း ) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( တတိယပိုင်း )
3 Sep 2018 Myanmar Quarterly ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မျှော်ရည်ပန်းတိုင်နှင့် ညှိနှိုင်းယူရမည့် ဖြစ်တန်ခြေများ ဆွေးနွေးပွဲကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ Myanmar Quarterly Symposium – Part I Myanmar Quarterly Symposium – Part II
29 Mar 2018 Politics အထောက်အကူ ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ရှာဖွေခြင်း – ကင်ညာမှ အရပ်ဘက်အဖွဲ့အစည်းများ ရုန်းကန်ခဲ့ရသည့် ကာလများ The Myanmar Quarterly အတွဲ ၁ တွင် ဖော်ပြခဲ့သော (ဦး) အောင်သူငြိမ်း၏ Outlook of Rulers: Tactics for Controlling Civil Society Organizations and Protests အုပ်ချုပ်သူများ ဘက်မှအမြင် – အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်းနိသျှည်း ဆောင်းပါးကို ကင်ညာနိုင်ငံမှ အခြေအနေများနှင့် နှိုင်းဆဆင်ခြင် စဉ်းစားကြည့်ခြင်း။ ■ နောက်ခံသမိုင်းကြောင်း အချက်အလက်များ ကင်ညာနိုင်ငံသည် အာဖရိကတိုက် အရှေ့ဖက် ကမ်းရိုးတန်း၊ အီကွေတာအနီးတွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်၌ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့ကာ ခါးသီးလှသည့် အမျိုးသားရေးဝါဒီ လွတ်မြောက်ရေး ရုန်းကန် လှုပ်ရှားမှုများ နောက်ပိုင်း ၁၉၆၄ ခုနှစ်၌ […]
29 Mar 2018 Myanmar Quarterly ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အရေးယူခံရသူများ ယခင်အစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရသူများ လက်ရှိအစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရပြီး အာမခံ မရရှိသူများ အယ်ဒီတာမှတ်ချက် ယခုဖော်ပြပါ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်သော အမှုဖြစ်စဉ်၊ အကြောင်းအရာ၊ ကိန်းဂဏန်း၊ အချက်အလက် အားလုံးကို ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က (၂၀၁၇ ခုနှစ် ဇွန် ၆ ရက်အထိ ရရှိခဲ့သော အချက်အလက်များအပေါ် မူတည်၍) ပြုစုခဲ့သော အစီရင်ခံစာများကို အခြေခံပြီး ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် […]
29 Mar 2018 Myanmar Quarterly အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၀၁၆ ခုနှစ်တွင် NLD အရပ်သားအစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အရှိန်မြှင့်၍ လုပ်ဆောင်ခဲ့သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား အစိုးရသစ် တက်ပြီး ငါးလ အကြာတွင် ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မစုံနိုင်ခဲ့သော်လည်း အများစု တက်ရောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ခဲ့သော်လည်း တက်ရောက်သော အဖွဲ့တိုင်း၏ သဘောထားများကို ပွင့်လင်း လွတ်လပ်စွာ တင်ပြနိုင်ခဲ့ပြီး ပြည်သူလူထုကြားထဲအထိ ချပြနိုင်ခဲ့သည့် အဆင့်သို့ ရောက်ခဲ့သည်ဟု […]
29 Mar 2018 Myanmar Quarterly အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ – Failed Democratization ■ နိဒါန်း ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဒီမိုကရက်များအတွက် မျှော်လင့်ချက်များ မြင့်မား ရှင်သန်နေသော “ရွှေခေတ်” ဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့သော ဒီမိုကရေစီ လှိုင်းကြီးမှာ အာရပ်ကမ္ဘာမှလွဲ၍ တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့သွားခဲ့ရာ ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဖီ ဟန်တင်တန် (Samuel P. Huntington) က “ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း” ဟု သတ်မှတ် ပေးခဲ့သည်။ ဆိုခဲ့ပါ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဆိုခဲ့ပြီးသော တတိယလှိုင်း ကာလ၏ အထွတ်အထိပ်ပင် ဖြစ်ပါသည်။ သို့နှင့်တိုင် နောင်ဆယ်နှစ် သာသာခန့်အကြာ၊ ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်သို့ ရောက်သောအခါတွင်မူ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်မှာပင် ကပြောင်းကပြန် ဖြစ်ရပ်များစွာနှင့် ရင်ဆိုင် […]
28 Mar 2018 Myanmar Quarterly မြန်မာ့အသွင်ကူးပြောင်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုဆောင်းပါးတွင် ၂၀၁၆ ခုနှစ် မတ်လကို အစပြု၍ အသွင်ကူးပြောင်းရေးကာလ တစ်နှစ်ကျော် အချိန်အတွင်း အစိုးရနှင့် တပ်မတော်အကြား ဖြစ်ပေါ်နေသည့် အခြေအနေများကို အကျဉ်းချုံ့ တင်ပြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဥပဒေအရ အာဏာ တစ်စိတ်တစ်ပိုင်း အပ်နှင်းထားပြီး ဖြစ်သည်ဟု ဆိုကြသည်။ ထိုအချက်ကြောင့်ပင် လက်ရှိ အနေအထား၌ နောက်ကြောင်း ပြန်လှည့်ခြင်းဟု သတ်မှတ်နိုင်သော အာဏာသိမ်းခြင်းကို တပ်မတော်က လုပ်မည်မဟုတ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာကို ချုပ်ကိုင်ထားပြီး ဖြစ်သည်ဟု သုံးသပ်ကြခြင်း ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် […]
28 Mar 2018 Myanmar Quarterly အရပ်သား အစိုးရ၏ တစ်နှစ်တာကာလနှင့် မူဝါဒ လေ့လာသုံးသပ်ချက် ■ နိဒါန်း ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ ၂၀၁၇ ခုနှစ် မတ်လမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရ ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းသလောက် မရောက်ဖြစ်ခဲ့ရတာတွေ ရှိလာပါတယ်။ နိုင်ငံရေးအရ လူထုထောက်ခံမှုများ ရထားတဲ့ NLD အစိုးရဟာ ဘာကြောင့် မူဝါဒ အကောင်အထည်ဖော်ရာမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါ့မယ်။ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေကို လေ့လာသုံးသပ်ရင် လူမျိုးစုပြဿနာ (ဝါ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအကဲသာပြီး ကျန်သော စိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေးပြီးမှ အားထည့် ဆောင်ရွက်မည့် သဘောကို တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရာမှာ ၂၁ ရာစု […]
28 Mar 2018 Politics အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး ■ ၁။ နိဒါန်း ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။ အကူးအပြောင်းကာလဆိုင်ရာ ယူဆချက်မှာ အခြေအနေတစ်ခုမှ တစ်ခုဆီသို့ လုပ်ငန်းစဉ် သို့မဟုတ် အချိန်ကာလ အပိုင်းအခြား အပြောင်းအလဲတစ်ရပ်ဟု ညွှန်းဆိုပါသည်။ အထက်တွင် ရေးသား ဖော်ပြခဲ့သည့်အနက် ယူဆချက်တစ်ခုမှာ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲ ပြုလုပ်နေသည်သာမက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုဆီသို့ ဦးတည် ပြောင်းလဲနေသည့် လမ်းကြောင်းပေါ်တွင်လည်း ရောက်ရှိနေသည် […]