ISP Products

Analysis

21 Oct 2021

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

✤ မိတ်ဆက် NCA ခြောက်နှစ်ပြည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ ယခု “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို ဆက်လက်ဖော်ပြခြင်းဖြစ်သည်။ နောက်ရက်များတွင် “စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန်ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံဖော်ပြသွားမည် ဖြစ်သည်။ ➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ➥ “NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” ကို ယခု link တွင် ဖတ်ရှုနိုင်ပါသည်။ ∎ အနှစ်ချုပ် ╸မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုများအဖြစ် သတ်မှတ်နိုင်သလို လက်နက်ကိုင် တိုက်ပွဲကြီး/ ငယ်တွေလည်း ပြန်၍ ဖြစ်ပေါ်နေပါတယ်။ ╸စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ အခု ကြေညာမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစပြီး ရေတွက်ရင်အကြိမ် ၂၀ မြောက် အပစ်ရပ်သက်တမ်းတိုး ကြေညာခြင်း ဖြစ်ပါတယ်။ ကြေညာချက်မှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက် ကပ်ဘေးကို ထောက်ထားသောအားဖြင့် အပစ်ရပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တယ်လို့ဖော်ပြထားပါတယ်။ လေးလကြာ အပစ် ရပ်စဲကြဖို့ နှစ်ဖက်သော အင်အားစုတွေကို အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုထားတာကို တုံ့ပြန်ပုံလည်း ရပါတယ်။ ╸အပစ်ရပ် ကြေညာချက်အသစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO) တွေကို ဦးတည် ပစ်မှတ်ထားပုံ ရပြီး၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUGနဲ့ PDF စတဲ့ အင်အားစု အသစ်များ ပါဝင်ပုံ မရပါဘူး။ ဒါကြောင့် အခုတကြိမ် အပစ်ရပ် ကြေညာချက်ဟာလည်း ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး (Dialogue) ဆီ မရောက်နိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ╸တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) က အရင် အခြေအနေအဟောင်း ဖြစ်ပြီး လက်မှတ် ထိုးထားတဲ့ EAO တွေကိုတောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်နိုင်စွမ်း နည်းပါးပါတယ်။ NCA ပြင်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ အသစ်သော လက်နက်ကိုင် အန်တုသူ အင်အားစုတွေအတွက်လည်း လွှမ်းခြုံနိုင်မှု မရှိပါဘူး။ ╸စစ်ကောင်စီအနေနဲ့ အရင် အင်အားစုဟောင်းတွေ (Old Players) နဲ့ အခင်းအကျင်းအဟောင်းကို လက်ခံ ညှိနှိုင်း နိုင်တယ်လို့ယူဆရပေမဲ့ အင်အားစုသစ်များနဲ့ အသစ်သော အခြေအနေအတွက်တော့ မဟာဗျူဟာ စဉ်းစားထားပုံ မရပါဘူး။ ╸မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ ပထဝီ နိုင်ငံရေးအကျိုးစီးပွားများဟာလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခု ကာလလိုအင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည် တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ကာလမှာ “အညှီရှိ၊ ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂ တွေက ပိုပြင်းထန် တတ်ပါတယ်။ ∎ နိဒါန်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်တာ ခြောက်နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အခြေအနေအသစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲနဲ့ သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက် ချေမှုန်းခဲ့ပါတယ်။ စစ်ကောင်စီက အကြမ်းမဖက် လှုပ်ရှားမှုတွေကို ရက်စက်စွာ ချေမှုန်း ဖြိုခွဲခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းများအရ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်အထိ) အကြမ်းမဖက် ဆန္ဒပြသူ ပြည်သူ ၁,၁၈၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကာလမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အကြမ်းမဖက် လူထုဆန္ဒပြပွဲတွေ အကြမ်းဖက် ချေမှုန်း ခံရပြီးတဲ့နောက် တက်ကြွသူ လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ NUG အစိုးရက ဖက်ဒရယ် တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး၊ အမည် အမျိုးမျိုးနဲ့ ဒေသစုံမှာလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ပေါ်ပေါက်လာပါတယ်။ ဂျပန်အခြေစိုက် Nikkei Asia သတင်းဖော်ပြချက်တွေအရNUG က ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ၈,၀၀၀ ကျော်ကို လေ့ကျင့်သင်တန်း ပေးထားတယ်လို့ ဖော်ပြပါတယ်။မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ တိုက်ခိုက်မှုများအပေါ် အနီးကပ် လေ့လာ နေကြသူတွေ ခန့်မှန်းချက်အရ နိုင်ငံအနှံ့မှာ PDF တပ်ဖွဲ့ပေါင်း၁၂၀ မှ ၃၀၀ အကြား ရှိနိုင်ပြီး၊ အင်အားအရ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်တယ်လို့ တွက်ဆကြပါတယ်။ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ၂၀၁၁ ခုနှစ် ဩဂုတ်မှာ စတင်ကြေညာပါတယ်။ နောက်ပိုင်းမှာ EAO ၁၅ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေက တဆင့် နှစ်ဖက် အပစ်ရပ်မှု သဘောတူညီနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ EAO ရှစ်ဖွဲ့နဲ့၊ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် နှစ်ဖွဲ့ ထပ်တိုးပြီး စုစုပေါင်း EAO ၁၀ ဖွဲ့နဲ့ NCA သဘောတူညီချက် ရရှိခဲ့ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးဆွေးနွေး အဖြေရှာမှုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) [နောက်ပိုင်း NLD အစိုးရလက်ထက်မှာ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်] ကို ငါးကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူညီချက်မှာ ထည့်သွင်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၇၁ ချက် ရခဲ့ပါတယ်။ ဒါပေမဲ့ NCA သဘောတူညီမှု ပြင်ပမှာ အင်အားကြီးတဲ့ EAO အဖွဲ့တွေ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပြီး၊ NLD အစိုးရ လက်ထက်မှာပဲ အင်အားကြီးမားလာတဲ့ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်မှာ ရက္ခိုင့် တပ်တော် (AA) ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေညာခဲ့ပါတယ်။ (စစ်အာဏာ သိမ်းအပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာတော့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ၊ ဒေသဆိုင်ရာ ခုခံရေးတပ်(LDF) တွေ ပေါ်ပေါက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ်အတွက် အင်အားစုသစ်တွေ ထပ်တိုးလာခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အချိန်တိုအတွင်းမှာပဲ ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ NUG၊ CPRH နဲ့ PDF တွေကို“အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ NUG အစိုးရကလည်း ပြည်သူတရပ်လုံး ခုခံစစ်အဖြစ် အုံကြွတော်လှန်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တိုက်တွန်း ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်း ပဋိပက္ခ တင်းမာမှု ပိုမို မြင့်မားလာပြီး နိုင်ငံတကာရဲ့ လိုလားချက်တခု ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်း ပြေလည်နိုင်တဲ့ အခြေအနေက လတ်တလော အနေအထားမှာ မရှိသေးပါဘူး။ ∎ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၀၁၁ ခုနှစ် ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန် စတင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရနှစ်ဆက် ဆယ်စုနှစ်တခုတိုင်ခဲ့ပါပြီ။ ဆယ်နှစ်တာ ကာလအတွင်း တည်ငြိမ်ဖွံ့ဖြိုးမှု တစုံတရာနဲ့ NCA စာချုပ်ကို EAO အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် အကြောင်းတရား ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလို့ ပြောနေပေမဲ့ NCA ပြင်ပမှာ လက်နက်ကိုင်အဖွဲ့ကြီးတွေ မပါဘဲ ကျန်နေပါသေးတယ်။ ၂၀၁၁ ခုနှစ်ကနေစတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း ရေရှည်ကြာလွန်းတဲ့ လုပ်ငန်းစဉ် (Protracted Peace Process) ဖြစ်လာပါတယ်။နိုင်ငံတကာ သုတေသန စာပေများအရ ရှည်ကြာလွန်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဟာ အစိုးရတွေရဲ့ ဦးဆောင်မှု၊စွမ်းဆောင်နိုင်စွမ်း အပေါ်မူတည်ပြီး အတက်အကျ ရှိတတ်ပါတယ်။ ပြန်ပြီး ပျက်ပြယ် တတ်ကြတာလည်း ရှိပါတယ်။ ပဋိပက္ခများဆီ တကျော့ပြန်ပြီး လည်သွားကြတာလည်း ရှိတတ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေကြပေမဲ့ ပစ်ခတ်မှုတွေ ငြိမ်းမသွားပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က “ငြိမ်းချမ်းရေးမရှိသော လုပ်ငန်းစဉ်” ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ စေ့ဆော်မှုတွန်းအား မီးပေါင်ကျလာပြီး၊လက်မှတ် ရေးထိုးထားတဲ့ EAO တွေအတွက်လည်း မက်လုံးမရှိ ဖြစ်လာပါတယ်။ NCA သဘောတူညီချက် ပြင်ပမှာ အင်အားကြီးမားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) စတဲ့ အဖွဲ့အစည်းတွေ ရှိနေကြပါတယ်။ NCA သဘောတူညီချက်ဟာ ဘယ်သော အခါကမျှ အင်အားစုအားလုံးကို လွှမ်းခြုံတဲ့ သဘောတူညီချက် (all-inclusive pact) တခု မဖြစ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာပဲ အောက်ခြေပြည်သူ လူထုတွေအတွက် “နေ့စဉ်ဘဝ ငြိမ်းချမ်းရေး” ပျောက်ဆုံးနေရပါတယ်။ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်များအတွင်းပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) ငါးကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူညီချက် (Union Accords) တနည်းပြောရရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ နိုင်ငံရေး သဘောတူညီချက် ၇၁ ချက် ရရှိခဲ့တယ်လို့ဖော်ပြကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အစပျိုးတောင် သဘောတူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါအပြင် နယ်စည်းပိုင်းခြား သတ်မှတ်ရေး (demarcation) သဘော တူညီချက်တွေကို သဘောတူနိုင်ခဲ့တာ မရှိတော့ ဒီအချက်တွေကြောင့်ပဲ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်မီ၊ အရင် NLD အစိုးရ လက်ထက်ကတည်းကငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာ တစ်ဆို့နေမှုတွေ ရှိခဲ့ပါတယ်။ တချို့သောသူများက ‘NCA ဟာ သေဆုံးပြီ’ လို့ ပြောခဲ့ကြပါတယ်။ ∎ NCA သဘောတူညီချက် ငြိမ်းချမ်းရေးအတွက် အာမခံချက်လော၊ ထောင်ချောက်လော NCA အတွက် ညှိနှိုင်း ဆွေးနွေးကြရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ကိုယ်စားလှယ် Nationwide Ceasefire Coordination Team (NCCT) နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) တို့ အကြား လပေါင်း ၅၀ ကျော်နဲ့ ဆွေးနွေးပွဲပေါင်း ၂၅၀ ကျော် ပြုလုပ် ညှိနှိုင်းခဲ့ကြရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်တွင်း အင်အားစုများ ကိုယ်တိုင်ကြိုးပမ်းမှု (Home-Grown) နဲ့ အစိုးရ-EAOs-နိုင်ငံရေး ပါတီများရဲ့ ဖက်စပ် လုပ်ငန်းစဉ် (Joint Venture) အဖြစ် ဂုဏ်ယူ ပြောဆို ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ အမြင်မှာတော့ NCA သဘောတူညီချက်ဟာ တိုင်းရင်းသား အုပ်စုတွေဘက်က စတင် အဆိုပြုတာ၊ ဒါကို သူတို့ဘက်က လက်ခံ စဉ်းစားပေးတာ ဖြစ်ပြီး၊ နောက်ဆုံး တပ်မတော်-EAOs-နိုင်ငံရေးပါတီများ အားလုံးရဲ့ သဘောတူညီချက်အဖြစ် မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ NCA နဲ့ပြည်ထောင်စု သဘောတူညီချက်တွေကို ပြည်ထောင်စု လွှတ်တော်ကပါ တရားဝင် အတည် ပြုပေးထားပါတယ်။ ဒါကြောင့်ပဲအကယ်၍ ပြန်လည် ပြင်ဆင်မယ်ဆိုရင် အင်အားစုအားလုံးက ပြန်ပြီး သဘောတူညီ၊ လွှတ်တော်ကို နောက်တကြိမ် ပြန်ဖြတ်ရမယ်လို့ မြင်ကြပါတယ်။ NCA ကို ပထမဆုံးအကြိမ် အပြည့်စုံဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်လို့ ဂုဏ်တင် ပြောဆိုကြတာလည်း ရှိပါတယ်။ နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး သဘောတူ ထားကြတာ ဖြစ်ပါတယ်။ NCA ဟာ အရေးပါတဲ့ အဖွဲ့အစည်းစနစ်- အင်စတီကျူးရှင်း (institution) တခုလို့ ယူဆနိုင်ပြီး၊ အကယ်၍ NCA မရှိတော့ဘူးဆိုရင်နောက်ထပ် အစား ထိုးစရာ၊ စည်းနှောင်ထားမှု တစုံတရာရှိတဲ့ အထောက်အထား မှတ်တမ်းတခုခု မရှိတော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ NCA သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မှု အားနည်းလွန်းခြင်းက လက်တွေ့ပြဿနာ ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို စလုံးရေ စ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ တပ်ဖွဲ့တွေအကြား နယ်စည်းသတ်မှတ်မှု (demarcation) အတွက်လည်း စစ်တပ်ဘက်က ဆွေးနွေးလိုစိတ် မရှိသလို၊ အရပ်သား အစိုးရကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ ဦးဆောင်နိုင်စွမ်း မဲ့နေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မချောမွေ့မှုတွေ၊ တစ်ဆို့မှုတွေ ရှိခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ လွှတ်တော်တွေကို စစ်ကောင်စီကဖျက်သိမ်းခဲ့ပါတယ်။ NCA လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အင်အားစုတွေ မရှိတော့တဲ့အခါ လုံးဝရပ်ဆိုင်းသွားပါတယ်။ NCA စာချုပ်အရ ဖွဲ့စည်း တည်ဆောက်ထားမှုတွေ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) စတာတွေလည်း အားလုံး မရှိတော့သကဲ့သို့၊ ရှေ့မဆက်နိုင်ဘဲရပ်ဆိုင်းခဲ့ပါတယ်။ အရင်ကာလက ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီး၊ အစားထိုးအနေနဲ့ ဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေတဲ့အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့ခဲ့ပေမဲ့ NCA အကောင်အထည်ဖော်မှုက အာဏာသိမ်းပြီး ရှစ်လကြာတဲ့ အထိ အကောင်အထည် ပေါ်မလာပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်မှာ NCA နဲ့ ထာဝရ ငြိမ်းချမ်းရေးစတဲ့ ဝေါဟာရတွေကို ထည့်သွင်းဖော်ပြထားဆဲ ရှိပါတယ်။ NCA သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုတွေ၊ အသစ်သော အခြေအနေတို့ အတွက်ထည့်သွင်း စဉ်းစားထားတာမျိုး မရှိဘူးလို့ ယူဆထားနိုင်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ စစ်ကောင်စီက စောစီးစွာပဲ NUG၊ CPRH နဲ့ PDF တွေကို “အကြမ်းဖက် အဖွဲ့အစည်း” များအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒီအချက်က ညှိနှိုင်းဆွေးနွေးရေးအတွက် တံခါး ပိတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။လက်ဟောင်း အင်အားစု EAO တွေ (လက်မှတ် ရေးထိုးထားသူရော – မထိုးထားသူပါ Signatories and Non-signatories) အတွက်ရည်ရွယ်ထားပုံ ရပါတယ်။ အသစ်သော အင်အားစုများအတွက် ထည့်သွင်း စဉ်းစားထားခြင်း မရှိဘူးလို့ တွက်ဆနိုင်ပါတယ်။အသစ်သော အခြေအနေ၊ အသစ်သော အင်အားစုများ အတွက် စစ်ကောင်စီက အခုချိန်မှာ လုပ်နေတဲ့၊ အရင်ကလည်း EAO တွေကို လုပ်ခဲ့ဖူးတဲ့“ငြိမ်ဝပ်ပိပြားရေး၊ ချေမှုန်းရေး” ကလွဲလို့ အခြား မဟာဗျူဟာ စဉ်းစားနိုင်စွမ်း ကင်းမဲ့နေတယ် ယူဆနိုင်ပါတယ်။ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဟန့်အတားကြီးတခု ဖြစ်လာနိုင်ပါတယ်။ ∎ အသစ်သော အင်အားစုများ၊ အသစ်သော အခြေအနေ […]
29 Jul 2021

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ အကျဉ်းချုပ် ‒ ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးပြီး အင်တိုက် အားတိုက် လုပ်ကြ၊ ကာကွယ်ဆေး ထိုးနှံရေး အတွက် မဟာဗျူဟာတွေ ချမှတ်နေ ကြပေမယ့် မြန်မာမှာတော့ အရင်းအမြစ် မလောက်ငတာ၊ အာဏာသိမ်း စစ် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်လိုတာ၊ စစ်ကောင်စီဘက်ကလည်း ပေါင်းစပ် ညှိနှိုင်းမှု မရှိတာတွေကြောင့် တကျောင်း တဂါထာ ဖြစ်နေပါတယ်။ ‒ မြန်မာအဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ်ဆေး ရနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက မျှော်မှန်းလို့ […]
7 Jul 2021

နှစ်တရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီ-စနစ်အခြေခံမြန်မာ့နိုင်ငံရေး

၁၉၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ  ၂၀၂၁ ခုနှစ် ဇူလိုင်မှာပဲ နှစ်တရာ ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာလည်း မကြာခင်မှာ ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တခုကြာ ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကတည်းက အာဏာရပါတီအဖြစ် ရှိခဲ့တာကြောင့် နိုင်ငံ့အုပ်ချုပ်ရေးကို ၇၂ နှစ်ကျော်ကြာ တဆက်တည်း ရယူခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်မှု၊ နိုင်ငံခေါင်းဆောင်မှုတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့တဲ့အပြင် ပြည်တွင်းစစ်၊ အငတ်ဘေး၊ ယဉ်ကျေးမှုတော်လှန်ရေးလို လူတန်းစားပဋိပက္ခတွေ၊ တခါ ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တီယန်မင်ရင်ပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ကြားကပဲ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးဦးဆောင်မှုကို ကာလရှည်ရယူခဲ့တာ […]
28 Oct 2020

ကချင်တိုင်းရင်းသားတို့အတွက် ၂၀၂၀ ပြည့်နှစ် အနာဂတ်အမြော်အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို အနိုင်ရပြီး အရပ်သားဦးဆောင်တဲ့ အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်ခဲ့တာဟာဖြင့် အခု ဆိုရင် သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုလိုအချိန်ကာလမှာ ကချင်တိုင်းရင်းသားတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်သုံးသပ်ဖို့ လိုအပ်သလို၊ မိမိတို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ပါဝင်နိုင်မယ့် ပြည်ထောင်စုနိုင်ငံတခု ဖြစ်ပေါ်လာရေးအတွက် အကောင် အထည်ဖော်ရာမှာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ ဘယ်လိုဖြစ်နိုင်ခြေတွေ၊ အခွင့် အလမ်းတွေ ရနိုင်မလဲဆိုတာ ကြိုတင်ရည်မျှော်စိတ်ကူးဖို့ လိုအပ်ပါတယ်။ ကချင်တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကို ပူးတွဲတည်ထောင်ခဲ့သူတွေ ဖြစ်လင့် ကစား၊ စစ်မှန်တဲ့အာဏာခွဲဝေမှုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ စတင်ဖြစ်တည်ခဲ့စဉ် ကနေ ယနေ့အထိ ဝေးကွာနေဆဲဖြစ်ပါတယ်။ အဲဒီလို ဝေးကွာနေစေတဲ့ အတားအဆီးတွေကို ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းကြီး […]
28 Oct 2020

မော်ဒန်ခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်သင့်သလဲ

အချီး လူမှာ ရုပ်နဲ့နာမ် ရှိတယ်။ ဗုဒ္ဓဘာသာဟာ နာမ် (ဝါ) စိတ်ကိုဟောတဲ့ တရားပဲ။ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရေးတရား မဟုတ်ဘူး။ သို့သော် ခက်နေတာက အဲဒီနှစ်ခုမှာ ထိုဟာက ဘယ်မှာဆုံးပြီး ဤဟာက ဘယ်မှာစတာလဲ။ ဘာသာတရားရယ်လို့ အမည်တပ်ပြီး အကြမ်းဖက်ခြင်းများ ကျူးလွန်နေကြတဲ့ ခေတ် ကာလ၊ ထိုကာလကြီးထဲမှာ ဘာသာရေးသွေးခုန်ခြင်းရဲ့ မည်းမှောင်တဲ့ဘက်ခြမ်းကို ဘာသာရေး အဖွဲ့အစည်းဟာ မိမိအလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်မလား။ စိတ်ပိုင်း ထိုးထွင်းသိမြင်မှုများ စိတ်အင်အား ပျောက်ဆုံးနေရာ ထိုကြိုးမျှင်များကို ပြန်ဆက်နိုင်မှာလား။ သို့သော် ဘာသာတရား သည် တကယ်တမ်း၌ လူအား တီထွင်ဆန်းသစ်စေနိုင်သော၊ အမြော်အမြင်ရှိစေသော၊ လွတ် မြောက်စေသော အရာလည်း ဖြစ်သည်။ ‘ဖြစ်ရှိနေသည်များကို ပို၍ ကြည်လင်စွာမြင်လျှင်’ မျှော် လင့်စရာရယ်လို့ […]
28 Oct 2020

လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး မုန့်ဆီကြော်၊ နှုတ်ခမ်းနာနှင့် မဟာဗျူဟာမျှခြေ ရှာဖွေခြင်း

ဒီဆောင်းပါးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်တဲ့ UNFC Stakeholders ဆွေးနွေးပွဲရဲ့ တင်ပြချက်အပေါ် အခြေခံရေးသားထားတာ ဖြစ်ပါတယ်။ ဒါဟာ အခြေအနေနဲ့ အပြန်အလှန်ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဖြည့်စွက်ရေးသားရမယ့်စာမူ ဖြစ်ပါ တယ်။ ဆောင်းပါးခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ သဘော တူချက် ရယူနိုင်မှုမရှိသေးဘဲ လုံခြုံရေးကဏ္ဍကို အပြီးအပြတ်ဧကန်သဘော ဆွေးနွေးကြမယ် ဆိုရင် ‘နှုတ်ခမ်းနာနဲ့တည့်ပါ့မလား’ကိန်း ဆိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို မဆွေးနွေးဘဲထားရင် လည်း ဖြစ်စဉ်တွေ ဆင့်ကဲမြန်ဆန်လာတဲ့အခါ အဆင်သင့်မဖြစ်တဲ့အားနည်းချက်ကို ကြုံရနိုင်ပါ တယ်။ ဒါကြောင့် လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ရင် တန်ဖိုးစံနှုန်းတွေအပေါ် အခြေ ခံတဲ့မြော်မြင်ချက် (vision) ကို ဆုပ်ကိုင်ပြီး ဘက်အသီးသီးအကြား ယုံကြည်မှုတည်ဆောက်နိုင် မယ့် အကျိုးစီးပွား အပေးအယူမျှခြေတွေကို […]
12 Oct 2020

ကိုရဲနိုင်ဝင်းအား မေးမြန်းခြင်း

မေး အခြေခံ အလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖော်ချင်ပါ သလဲ။ဖြေ အခြေခံအလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာ အလုပ်ချိန်ပြီးတဲ့အချိန်မှာ အနိမ့် ဆုံးတော့ အများအနားယူချင်တဲ့အချိန်မှာ အနားယူချင်တယ်။ အများ အေးအေးဆေး ဆေး အိပ်ရတဲ့အချိန်မှာ အိပ်ချင်တယ်။ အနိမ့်ဆုံးအဆင့်က အဲဒီလောက်တော့ ရှိဖို့လိုပါ တယ်။ မေး နောက်တခါ သူ့ရဲ့မိသားစုအတွက် ဖူလုံမှုကရော …ဖြေ မိသားစုအတွက် ဖူလုံမှုဆိုတာကတော့ ကျနော်တို့ မမျှော်မှန်းနိုင်ပါဘူး။ ဒီမှာ ကျနော်တို့ ဖြစ်နေတဲ့ အခြေခံအလုပ်သမားတဦးရဲ့ အနိမ့်ဆုံးလုပ်ခ၊ အိပ်ချိန်မှာ မအိပ်ရဘူး။ အိပ်ရ မယ့်အချိန်မှာလည်း အေးအေးချမ်းချမ်းမဖြစ်ဘူး။ အနိမ့်ဆုံး ကျနော်တို့ ဘာလိုလားသလဲ ဆိုရင် အိပ်ချိန်မှာအိပ်ချင်တယ်။ ကောင်းကောင်းမွန်မွန် စားချင်တယ်။ ပိတ်ရက်တွေပေါ့ ဗျာ။ အများသူငါလို သွားလာလည်ပတ်သလို လုပ်ချင်တယ်။ […]
9 Oct 2020

ကိုနန္ဒာစစ်အောင်အား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ ကျနော်တို့ဆီမှာ မမျှတတဲ့ကိစ္စတွေကတော့ တလျှောက်လုံး ရှိနေခဲ့တာ။ စစ်အာဏာရှင် အောက်မှာ တလျှောက်လုံး ကြီးခဲ့ကြတာ။ မဆလအောက်မှာ သွားခဲ့ရတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အုပ်ချုပ်ရေးနဲ့ နီးစပ်ခြင်းသည်ပင်လျှင် စီးပွားဥစ္စာရဲ့ အရင်းအမြစ်ဖြစ် သလို၊ လူမှုရေးဆိုင်ရာ အသိအမှတ်ပြုမှုတွေရဲ့ နေရာလည်း ဖြစ်တာကိုး။ တခါ အုပ်ချုပ် ရေးနဲ့ တရားဥပဒေစနစ်ကလည်း မကွဲတဲ့အခါကျတော့ ဘာဖြစ်လာသလဲဆိုရင် အခွင့် ထူးခံလူတန်းစားဖြစ်တဲ့ အုပ်ချုပ်ရေးက လူတွေကလွဲပြီး ကျန်တဲ့သူတွေ ကျနော်တို့ အား လုံးသည် တစုဖြစ်ပြီးတော့ အုပ်ချုပ်တဲ့လူတန်းစားက ကောင်းစားတဲ့လူ ဖြစ်သွားတာ ပေါ့။ နိုင်ငံတော်ဆိုတာ သူတို့ပဲလေ။ ကျနော်တို့ နိုင်ငံတော်ဆီက မျှော်လင့်တာက […]
9 Oct 2020

ကိုအောင်ကျော်မိုးအား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေ မှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ အစိုးရဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေမှာ အားနည်းတယ်။ လူထုအတွက် ရေးဆွဲ ထားတဲ့ မူဝါဒတွေမရှိဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းမှာ ခိုင်မာပြီး လူထုအတွက်အကျိုးရှိမယ့် မူဝါဒတွေပေါ်မလာသေးသလို နိုင်ငံသား အားလုံးအတွက် အားနည်းချက်ရှိတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့ညီအောင် ပြင်ဆင်နိုင် ခြင်းမရှိ၊ ဝန်ဆောင်မှုပေးရမယ့် ဗြူရိုကရေစီယန္တရားကို လူထုက အကြောက်တရားနဲ့ ဆက်ဆံနေရခြင်း၊ ယုံကြည်မှုမရှိခြင်းတွေကြောင့်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေဟာ ပြည်နယ်တွေမှာ တဆင့်နိမ့် နိုင်ငံသားအနေနဲ့ ခွဲခြားဆက်ဆံခံနေရတာက အဓိက အကြောင်းတရား ဖြစ်ပါတယ်။မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြုကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ဖြေ […]
7 Oct 2020

ကိုထူးချစ်အား မေးမြန်းခြင်း

မေး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတဦးအနေနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှုအကြောင်း ခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ဖြေ အဓိကတော့ နိုင်ငံရေးစနစ်ကြောင့်လို့ ရှုမြင်မိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းစစ်၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လယ်ယာ မြေ သိမ်းဆည်းခံနေရမှုတွေဟာ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအချက်အလက်တွေလို့ ထင် ပါတယ်။ အစိုးရအနေနဲ့ အဆိုပါကိစ္စတွေ လျော့နည်းအောင်၊ ပပျောက်အောင် မလုပ်နိုင် မချင်း ကိုယ်ထူကိုယ်ထ ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။ မေး ပြည်တွင်းမှာ ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေး ခြင်းက အခုအချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ ပြည်ပမှာဖြစ်နေတဲ့ အခြေ အနေတွေကရော ဘယ်လိုပါလဲ။ဖြေ လုံလောက်မှုရှိတယ်လို့ မထင်ပါဘူး၊ အစိုးရအဆက်ဆက်ရဲ့ ရွှေ့ပြောင်း […]
6 Oct 2020

အာရှအလင်းရောင်ဆရာတော်အားမေးမြန်းလျှောက်ထားခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ ဘုရား။ဖြေ ဘုန်းဘုန်းတို့နိုင်ငံက စစ်အာဏာသိမ်းပြီးချိန်က စပြီးတော့ မမျှတမှုဆိုတာ ရှိခဲ့တာ။ ဒါပေမဲ့ လူတွေက (အာဏာရှင်တွေက) အဲဒီမမျှတမှုကို ဘာနဲ့ဖြေရှင်းသလဲဆိုရင် သယံ ဇာတကို ထုတ်သုံးပြီးတော့ လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင်၊ သူတို့ လုပ်ပိုင်ခွင့်ရှိသူတွေ အကျိုးအမြတ်အများကြီးရအောင် ဒီလိုပုံစံနဲ့ ဆောင်ရွက်ခဲ့တာ။ လူတွေက အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေး ပြေလည်တာလောက်နဲ့၊ အရိုးအရင်းလေးရတာလေးနဲ့ စီးပွားရေးအဆင်ပြေတယ်ဆိုပြီး ရောင့်ရဲပြီးတော့ ကျေနပ်ခဲ့ကြတာ။ တကယ်တော့ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေက အကျိုးအမြတ်အများကြီး ရဖို့အတွက် အလုပ်အကိုင် မစို့မပို့ကို ပြည်သူကိုပေးပြီး လုပ်ခဲ့တဲ့အချိန်ပါဗျ။ သယံဇာတ ကနေ ပိတ်ဆို့လိုက်တဲ့အခါ၊ တနည်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရပ်စဲ […]
28 Sep 2020

အလံဖြူ ဘယ်သူလွှင့်

‘လူ …’ တဲ့။အသိဉာဏ်ရှိတဲ့ သတ္တဝါကို ‘လူ’လို့ ခေါ်သတဲ့။ဘယ်လို အသိဉာဏ်မျိုးလဲ …။(၁) ‘သကတ္တ’နဲ့ ‘ပရတ္တ’ – မိမိအကျိုး၊ သူတပါးအကျိုး ခွဲခြားသိတာ၊ ဆိုလိုတာက ကိုယ့် အကျိုးသာမက သူ့အကျိုးပါ ဒွန်တွဲစဉ်းစားတာ၊ ချုပ်လိုက်တော့ ‘ကိုယ်ချင်းစာတရား’ ပေါ့။(၂) ‘အတ္တ’နဲ့ ‘အနတ္တ’ – အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်းကို ခွဲခြားသိတာ။ ဒီအလုပ် လုပ်ရင် အကျိုးရှိတယ်။ ဒီစကားပြောရင် အကျိုးမဲ့တယ်။ ဒီစကားပြောရင် အကျိုးရှိတယ်။ ဒီအလုပ်လုပ်ရင် အကျိုးမဲ့တယ်ကို သိတာ။ ဒီ ‘အကျိုး’ ဆိုတာမှာလည်း ‘ကိုယ်ချင်း စာတရား’ နဲ့ယှဉ်တဲ့ ‘အကျိုး’ ပါပဲ။(၃) ‘ပုည’နဲ့ ‘ပါပ’ – ကောင်းမှု၊ မကောင်းမှု။ ကုသိုလ်၊ အကုသိုလ်ကို စိတ်ဖြာပြီး သိတာ။ […]
30 Jul 2020

နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှ လွှမ်းခြုံပေးရန် (Universal Health Coverage) မြန်မာလျှောက်ရမည့်လမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Universal Health Coverage (UHC) ဆိုသည့်စကားလုံးကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အလိုအရ UHC ဆိုသည်မှာ လူသားအားလုံး လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးအခက်အခဲ တစုံတရာမရှိဘဲ (ရောဂါကြောင့် ကျန်းမာရေးစရိတ်ထောင်းပြီး မွဲပြာကျရခြင်း၊ ကျန်းမာရေးစရိတ်ကြောင့် ဆင်းရဲတွင်းနက်သွားခြင်းများ မရှိဘဲ) လွယ်ကူလျင်မြန်စွာရရှိအောင် ဖန်တီးထားသည့်စနစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှလွှမ်းခြုံပေး ဆိုသော အယူအဆသည် ကမ္ဘာ့နိုင်ငံအားလုံးကျင့်သုံးရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒတခုဖြစ်ပြီး(၁) Population Coverage ခေါ် လွှမ်းခြုံနိုင်သည့်လူဦးရေဆိုင်ရာ ရှုထောင့်(၂) Service Coverage ခေါ် ကျန်းမာရေးဝန်ဆောင်မှု လွှမ်းခြုံခြင်းဆိုင်ရာ ရှုထောင့်နှင့်(၃) Financial Coverage ခေါ် ကျန်းမာရေးဆိုင်ရာ […]
16 Jul 2020

အယ်ဒီတာမှတ်စု

(၁)အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်ဆောက် ရေး ဖော်ဆောင်မှုတွေ လုပ်တဲ့အခါ တိုင်းရင်းသားအရေး(လူမျိုးစုအရေး)၊ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ဘာသာရေး အစရှိတဲ့ ဝိသေသလက္ခဏာတွေအပြင် လူ့အဖွဲ့အစည်းအတွင်း အလွန် အကျူးဖြစ်နေတဲ့ လူတန်းစားမညီမျှမှု၊ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာတန်းတူရေး တဖက်စောင်း နင်းဖြစ်မှုနဲ့ ဥတုဖောက်ပြန်မှု ဆိုးပြစ်အကျိုးဆက် စတာတွေကိုလည်း လျစ်လျူရှုထားဖို့ မဖြစ်နိုင် ပါဘူး။အထက်ဖော်ပြပါ အလွန်အကျူး ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမှု အစရှိတဲ့ကိစ္စရပ်တွေ က တရားမျှတမှုမရှိတဲ့ လူမှုအခြေအနေတွေမှာ မြစ်ဖျားခံနေပါတယ်။ နိုင်ငံတော်ရဲ့ ဓနဥစ္စာ ပြန် လည်ဖြန့်ခွဲဝေမှု မူဝါဒတွေ၊ လူမှုဖူလုံရေးပိုက်ကွန်တွေ၊ နိုင်ငံသားအဓိပ္ပာယ်ဖွင့်ဆိုမှု၊ နိုင်ငံသား များရဲ့ လွတ်လပ်ခွင့်နှင့်တာဝန်ယူမှု စတဲ့ တရားမျှတမှုထွန်းကားရေး လုပ်ငန်းစဉ်တွေ မလုပ်နိုင် ဘူးဆိုရင် လူ့အဖွဲ့အစည်းကို အစည်းပြေ ပျက်ပြားစေနိုင်တဲ့ ပဋိပက္ခလောင်စာတွေ ဆက်ရှိနေမှာ ပါပဲ။အထူးသဖြင့် […]