မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၇)
ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ် မှတ်စု အမှတ်-၇ မှာ စစ်ကောင်စီရဲ့ မီနီဘတ်ဂျက်ကာလအတွင်း ကုန်သွယ်မှု ကိန်းဂဏန်းတွေကို အချက်အလက် အခြေပြုပိုင်းခြား တင်ပြပါမယ်။ ဒီတင်ပြချက်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၂ ခုနှစ် မတ်လအထိ ရရှိခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အရင်ဘဏ္ဍာနှစ် ကာလတူ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာကနေ ၂၀၂၁ ခုနှစ် မတ်လအထိ ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တရုတ်အရေး လေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ် မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
