Data Matters

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်

လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရတဲ့ သူတွေကို ဦးတည်ပြီး ပေးတာမဟုတ်ဘူးဆိုတာ သိသာနိုင်ပါတယ်။
By ISP Admin | April 20, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၄)

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်အတွင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်းလုံးမှာ စစ်ကောင်စီကဖမ်းဆီးထားသူဦးရေ စုစုပေါင်း ၁၃,၂၉၃ ဦးရှိပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ နဲ့ ဧပြီလတွေမှာ အဖမ်းအဆီးအများဆုံးရှိခဲ့ပြီးတော့ ၂၀၂၂ ခုနှစ်မှာလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေခဲ့ပါတယ်။ ဒီအချက်အလက်တွေဟာ လက်လှမ်းမီသမျှ ပြုစုထားတဲ့အချက်အလက်တွေဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်ပိုပြီးများပြားနိုင်ပါတယ်။

Download as PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတဝန်းလုံးက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးတော့ တရားစွဲခံထားရသူများ နဲ့ ထောင်ဒဏ်ကျခံနေရသူများထဲက စုစုပေါင်း ၅၇,၀၉၁ ဦးကို စစ်ကောင်စီကလွတ်ငြိမ်း ချမ်းသာခွင့် ၇ ကြိမ် ကြေညာပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အရေအတွက်တွေကို ပြန်ကြည့်ရရင် ၂၀၂၁ ခုနှစ်အတွင်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ၂၃,၃၁၄ ဦး၊ ဧပြီ ၁၇ ရက်မှာ ၂၃,၄၀၇ ဦး၊ ဇွန် ၃၀ ရက်မှာ ၂,၂၉၆ ဦး၊အောက်တိုဘာ ၁၈ ရက်မှာ ၅,၆၃၆ ဦး ရှိခဲ့ပြီးတော့ ၂၀၂၂ ခုနှစ် အတွင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ၈၁၄ ဦး၊ မတ် ၂ ရက်မှာ ၅ ဦး၊ဧပြီ ၁၇ ရက်မှာ ၁,၆၁၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရတဲ့ သူတွေကို ဦးတည်ပြီး ပေးတာမဟုတ်ဘူးဆိုတာ သိသာနိုင်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ်တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *