Data Matters

လူပေါင်း ၉,၀၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
By ISP Admin | February 19, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၆

Download PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အထိ NLD အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ ၁၂,၀၀၀ ကျော်ထက် မနည်း ရှိခဲ့ပါတယ်။ ဒီထဲမှာမှ ၃,၀၀၀ ဝန်းကျင်သာ ပြန်လွတ်ခဲ့တာကြောင့် လက်ရှိအချိန်အထိ ဖမ်းဆီးခံ ထားရသူ ၉,၀၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထားတဲ့သူ ၁၁,၀၀၀ ကျော် ရှိတယ်လို့ ပြောထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို အခြေခံပြီး လက်လှမ်းမီသမျှ ပြုစုထားထားတဲ့ စာရင်းတွေအရ ဖမ်းဆီးခံထားရသူ ၁၀,၀၀၀ ကျော်ထက်မနည်းမှာ လူပေါင်း ၈၂၉ ဦးထက် မနည်း ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။ ဒီ ၈၀၀ ကျော်ထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၀၀ ကျော်ပါဝင်သလို၊ တသက်တကျွန်း ချမှတ်ခံထားရသူ ၆၀ ကျော်လည်း ပါဝင်ပါတယ်။ သေဒဏ်ချမှတ်ခံထားရသူ အများစုက ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ နယ်က ဖြစ်ပြီး ၃၅ ဦးရှိပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်တာကာလအတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ငါးကြိမ် ထုတ်ပြန်ထားပါတယ်။ ဒီငါးကြိမ်မှာ လူပေါင်း ၅၀,၀၀၀ ကျော် ပြန်လွှတ်ခဲ့ပေမဲ့ ဒီ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်း ဝန်းကျင်ခန့်ကသာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး အမှုဖွင့်၊ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ခဲ့​​ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်မှာ လူပေါင်း ၄၆,၀၀၀ ကျော် ပြန်လွှတ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူတွေ ပြန်လွတ်ခဲ့ခြင်း မရှိပါဘူး။

∎ ဘာကြောင့်အလေးထားသင့်သလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *