Data Matters

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအကျပ်အတည်း ဆက်ဖြစ်

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန်မှာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို တရုတ်ဘက် ပိတ်ခဲ့တာကြောင့် ၂၀၁၉ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ရောက်ခဲ့တဲ့အထိ စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် (ယာယီစာရင်း) ကုန်သွယ်မှု ပမာဏတွေကို နှိုင်းယှဉ်တဲ့အခါ အမေရိကန်ဒေါ်လာ ၈၃၇ သန်းကျော် ကျဆင်းခဲ့ပါတယ်။ ဒီလိုကျခဲ့ပေမဲ့ တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုဟာ မြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်းရဲ့ ထက်ဝက်ဝန်းကျင်မှာ ဆက်ရှိနေပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နယ်စပ် ကုန်သွယ်မှု စုစုပေါင်းရဲ့ ၅၅ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၄၉ ဒသမ ၅ရာခိုင်နှုန်းရှိခဲ့ပါတယ်။
By ISP Admin | January 27, 2022

(အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၁)

မြန်မာ-တရုတ်နယ်စပ်မှာ ကုန်သွယ်ရေး ဂိတ် ခြောက်ခုရှိတဲ့အထဲကက အဓိကကျတဲ့ ဂိတ်လေးခုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွေမှာ ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီ ဂိတ်တွေကို ကိုဗစ်အကြောင်းပြုပြီး ပိတ်ထားခဲ့ရာက၊ အခုတကြိမ်မှာ အရေအတွက် အများဆုံး အနေနဲ့ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ကုန်သွယ်မှုအကျပ်အတည်း ဆက်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန်မှာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို တရုတ်ဘက် ပိတ်ခဲ့တာကြောင့် ၂၀၁၉ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ရောက်ခဲ့တဲ့အထိ စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် (ယာယီစာရင်း) ကုန်သွယ်မှု ပမာဏတွေကို နှိုင်းယှဉ်တဲ့အခါ အမေရိကန်ဒေါ်လာ ၈၃၇ သန်းကျော် ကျဆင်းခဲ့ပါတယ်။ ဒီလိုကျခဲ့ပေမဲ့ တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုဟာ မြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်းရဲ့ ထက်ဝက်ဝန်းကျင်မှာ ဆက်ရှိနေပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နယ်စပ် ကုန်သွယ်မှု စုစုပေါင်းရဲ့ ၅၅ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၄၉ ဒသမ ၅ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Download as PDF

အာဏာသိမ်းပြီး နောက်ပိုင်း ကျဆင်းနေတဲ့ စီးပွားရေးအခြေအနေကို ကုစားဖို့အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်ဖွင့်နိုင်အောင် စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲက အဓိကကျတဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒါ့အပြင်ကချင်ပြည်နယ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကိုလည်း ပြန်ဖွင့်လိုက်ပါတယ်။ မန့်ဝိန်းဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်း ဂိတ်ကိုတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ရောက်တဲ့အထိ ပြန်မဖွင့်နိုင်သေးပါဘူး။

အဓိကကျတဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့ပေမဲ့ တရုတ်ရဲ့ တင်းကျပ်တဲ့ကိုဗစ်စည်းမျဉ်းတွေ မူဝါဒ အပြောင်းအလဲတွေကြောင့်ကုန်စည်စီးဆင်းမှု လျင်မြန်မှုမရှိဘဲ ကြန့်ကြာမှု၊ ကုန်တင်ပို့ခ မြင့်တက်မှု တွေအပြင် အထွေထွေ ကုန်ကျစရိတ်တွေကြောင်ကုန်သည်တွေ အခက်အခဲ မျိုးစုံ ရင်ဆိုင်ခဲ့ရပါတယ်။ ဖရဲ၊ ကြက်သွန်နီ၊ ပဲသီးတင်ပို့သူတွေ ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး စောင့်ဆိုင်းရတာ အချိန်ကြာမြင့်လာတာကြောင့် လမ်းဘေးတွေမှာချရောင်းနေရသလို ကားလိုက်စွန့်ပစ်ရတာတွေဆက်တိုက် ဖြစ်ခဲ့ပါတယ်။သိန်းထောင်ချီ အရှုံးပေါ် သူတွေရှိသလို အထူးသဖြင့် ပုပ်သိုး ပျက်စီးလွယ်တဲ့ ကုန်ပစ္စည်းများတင်ပို့တဲ့ ကုန်သည်တွေ တောင်သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကမြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုခြင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ၊ လအလိုက် နှစ်အလိုက်နဲ့ ကာလတူ ကုန်သွယ်မှုတန်ဖိုးတွေကို စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဝင်ကြည့်နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက်နိုင်ငံများကအချက်အလက်များ၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်းနှိုင်းယှဉ် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *