အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရပ်နားတာတွေ အပါအဝင် မြန်မာနိုင်ငံနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း ၂၀ အထိရှိလာပါတယ်။ ဒီအထဲမှာ ရပ်ဆိုင်း ထွက်ခွာတဲ့ စီမံကိန်း ရှစ်ခု၊ ပိတ်သိမ်းလိုက်တဲ့ လုပ်ငန်း သုံးခု၊ မရေရာတဲ့ အခြေအနေတွေကြောင့် ရပ်နားထားတဲ့ စီမဲံကိန်း ငါးခုနဲ့ လုပ်ငန်းရောင်းချလိုက်တဲ့ ကုမ္ပဏီ နှစ်ခုရှိပါတယ်။ ထွက်ခွာရပ်နားသွားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ များလာချိန်မှာပဲ ပြည်တွင်းမှာလည်း ကုမ္ပဏီ မှတ်ပုံတင်မှုတွေ ကျဆင်းနေပါတယ်။
