အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ကျဆင်းသွားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ဇူလိုင်လအထိ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအပေါ် မူတည်ပြီး အရင်ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ် တွက်ချက်ပြခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလနဲ့မတ်လတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုံး၀ မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ မေလမှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ကြေးရှိတဲ့ တရုတ်စွမ်းအင် စီမံကိန်းတွေကို စစ်ကောင်စီက အတည်ပြုခဲ့ပါတယ်။
➤ အပြည့်အစုံကို အောက်ပါ Link တွင် ဖတ်နိုင်ပါတယ်။
