အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ကျဆင်းခဲ့ပါတယ်။ ဒီကျဆင်းမှု ပမာဏဟာ အရင်ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ (ဇွန်) နဲ့ အခု ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ (ဇွန်)ကို ကာလတူ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ စစ်ကောင်စီက တရားဝင် ကိန်းဂဏန်းတွေအပေါ်မှာပဲ မူတည် တွက်ချက်ပြခဲ့တာ ဖြစ်ပါတယ်။
