What Matters

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလ အမျိုးသမီးများ၏ ပါဝင်မှုအပေါ် မေးမြန်းထားသည့် စစ်တမ်း

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ ပါဝင်မှုအပေါ် ကျပန်းသဘော မေးမြန်းထားတဲ့ စစ်တမ်းတခု ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်တမ်းမှာ ပါဝင် ဖြေဆိုသူတွေရဲ့ သဘောထား အမြင်အရ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အားကောင်းတာကို အခိုင်အမာ ပြဆိုနေပြီး၊ အနာဂတ်မှာ အမျိုးသမီး ကျား-မတန်းတူရေး တန်ဖိုးထားမှု အမူအကျင့်တွေလည်း ပိုအားကောင်းလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ထို့အတူ အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲပုံသဏ္ဌာန် တခုဖြစ်သော “ထဘီအလံထူ လှုပ်ရှားမှု”ကိုလည်း လက်ခံသူများပြားခဲ့ပါတယ်။
By ISP Admin | March 9, 2021

အလေးထားရမည့် အကြောင်းအချက်များ (၅)

Download PDF Version

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ ပါဝင်မှုအပေါ် ကျပန်းသဘော မေးမြန်းထားတဲ့ စစ်တမ်းတခု ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်တမ်းမှာ ပါဝင် ဖြေဆိုသူတွေရဲ့ သဘောထား အမြင်အရ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အားကောင်းတာကို အခိုင်အမာ ပြဆိုနေပြီး၊ အနာဂတ်မှာ အမျိုးသမီး ကျား-မတန်းတူရေး တန်ဖိုးထားမှု အမူအကျင့်တွေလည်း ပိုအားကောင်းလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ထို့အတူ အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲပုံသဏ္ဌာန် တခုဖြစ်သော “ထဘီအလံထူ လှုပ်ရှားမှု”ကိုလည်း လက်ခံသူများပြားခဲ့ပါတယ်။

စစ်တမ်းဖြေဆိုသူတွေကို မေးခွန်းသုံးခု မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းတွေက

၁) စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလအတွင်း အမျိုးသမီးများ၏ ပါဝင်မှုအပေါ် မည်သို့ မြင်ပါသနည်း။

၂) စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု အကျိုးဆက် တခုအနေဖြင့် အမျိုးသမီး ကျား-မ တန်းတူရေး တန်ဖိုးထားမှု အမူအကျင့်များ ပိုမိုအားကောင်းလာမည်ဟု ယူဆပါသလား။

၃) စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး တိုက်ပွဲပုံသဏ္ဌာန် တခုဖြစ်သည့် “ထဘီအလံထူ လှုပ်ရှားမှု” အပေါ် ဓလေ့ထုံးတမ်း ရှုထောင့်အရ သင့်ပတ်ဝန်းကျင်၌ လက်ခံမှု မည်သို့ ရှိပါသနည်း တို့ ဖြစ်ပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၂၆၄ ဦး ရှိခဲ့ပြီး အမျိုးသမီး ၁၃၂ ဦးနဲ့ အမျိုးသား ၁၃၂ ဦးတို့ ဖြစ်ကြပါတယ်။ ဖြေဆိုသူတွေရဲ့ အသက်အရွယ်အားဖြင့် အသက်အငယ်ဆုံးက ၁၇ နှစ်ဖြစ်ပြီး၊ အကြီးဆုံးက ၇၆ နှစ် ဖြစ်ပါတယ်။ မေးမြန်းခဲ့သူ အများစုဟာ ရန်ကုန်မြို့မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *