AnalysisNUMBERS SPEAK

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အရေးယူခံရသူများ

By The Editor | March 29, 2018
The Myanmar Quarterly

ယခင်အစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရသူများ

လက်ရှိအစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရပြီး အာမခံ မရရှိသူများ

အယ်ဒီတာမှတ်ချက်

ယခုဖော်ပြပါ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်သော အမှုဖြစ်စဉ်၊ အကြောင်းအရာ၊ ကိန်းဂဏန်း၊ အချက်အလက် အားလုံးကို ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က (၂၀၁၇ ခုနှစ် ဇွန် ၆ ရက်အထိ ရရှိခဲ့သော အချက်အလက်များအပေါ် မူတည်၍) ပြုစုခဲ့သော အစီရင်ခံစာများကို အခြေခံပြီး ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရပြီး အာမခံ (အချုပ်လွတ် ထုချေခွင့်) ရရှိသူများ





■ အယ်ဒီတာမှတ်ချက်

ယခုဖော်ပြပါ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နှင့် ပတ်သက်သော အမှုဖြစ်စဉ်၊ အကြောင်းအရာ၊ ကိန်းဂဏန်း၊ အချက်အလက် အားလုံးကို ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က (၂၀၁၇ ခုနှစ် ဇွန် ၆ ရက်အထိ ရရှိခဲ့သော အချက်အလက်များအပေါ် မူတည်၍) ပြုစုခဲ့သော အစီရင်ခံစာများကို အခြေခံပြီး ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် “ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ရပ်ကို နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်း အပိုဒ် ၃ တွင် ဖော်ပြထားချက်အရ –

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ တွင် ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်။

“(ဃ)  ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း သို့မဟုတ် အသရေဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ဟု အစားထိုး ပြင်ဆင်ရန် ဖော်ပြထားသည်။ ထို့အတူ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၀ နှင့် ပတ်သက်၍ ဥပဒေကြမ်း အပိုဒ် (၄) တွင်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ ကို အောက်ပါအတိုင်း အစားထိုးရမည်။

“၈၀။ (က)   ဤဥပဒေပါ ပြစ်မှုများကို ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

        (ခ)    ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ) ၊ (ဃ) နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့ပါ ပြစ်မှုများမှ တစ်ပါး ကျန်ပြစ်မှုများကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

        (ဂ)    ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဃ)တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်။

        (ဃ)   မည်သည့် တရားရုံးမျှ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) ပါ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်း ပြုကြောင်း သက်ဆိုင်ရာ နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စား လွှဲအပ်ခြင်း ခံရသူကဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်း မပြုရဟု ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်ပါသည်။ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအရ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်မည် မဟုတ်ဘဲ ပြင်ဆင်ခြင်းသာ ပြုလုပ်မည့် အခြေအနေရှိပါသည်။ ပြင်ဆင်ရန် အဆိုပြုထားသည့် အချက်များအရ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) သည် ရဲ အရေးယူပိုင်ခွင့် ရှိသော ပုဒ်မအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။ တရားစွဲဆိုသည့်အခါ ဝန်ကြီးဌာနသို့ ကြိုတင်ခွင့်ပြုချက် ရယူရမည် ဆိုသောအချက်ကို ပယ်ဖျက်လိုက်ပြီး အာမခံပေးရမည့် ပြစ်မှုများအဖြစ် ပြောင်းလဲလိုက်သည်။ ထို့အတူ နစ်နာသူ ကိုယ်တိုင် မဟုတ်ဘဲ ကြားလူက တရားစွဲဆိုပိုင်ခွင့် ရှိသည့်အချက်ကို ပယ်ဖျက်လိုက်ပြီး နစ်နာသူ ကိုယ်တိုင်ဖြစ်စေ သို့မဟုတ် နစ်နာသူက ကိုယ်စား လွှဲအပ်ခြင်း ခံရသူကဖြစ်စေ တိုင်တန်းမှသာ အရေးယူ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *