Data Matters

အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အဆောက်အအုံ ၂၂,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

၂၀၂၂ ခုနှစ်၊ မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံး ထက်မနည်း ရှိခဲ့ပါတယ်။ အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက် (လအလိုက်) ထဲမှာ ယခုလအတွင်း ဖျက်ဆီးခံရတဲ့ပမာဏာကတော့ တနှစ်တာအတွင်း အများဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုးမီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာ  စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံး၊ မကွေးတိုင်းက ၂,၁၄၃ လုံး၊ ရှမ်းပြည်နယ်ကအလုံး ၁၁၀၊ မန္တလေးတိုင်းကအလုံး ၃၀၊ ချင်းပြည်နယ်က ၂၉ လုံး၊ ကရင်ပြည်နယ်က ၁၀ လုံးနဲ့ ကယားပြည်နယ်က ၃ လုံးတို့ ပါဝင်ပါတယ်။
By ISP Admin | June 2, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၂)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာအပြင် လက်နက်ကျည်တွေ ထိမှန်လို့ပျက်စီးဆုံးရှံးခဲ့ရတဲ့ နေအိမ်၊အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေအပါအဝင်) ၂၂,၂၉၉ လုံးထက်မနည်းရှိခဲ့ပါတယ်။ တနှစ်ကျော်ကာလအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ ၂၂,၂၉၉ လုံးထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ၁၅,၅၃၀ လုံးရှိခဲ့ပြီးတော့ ရာခိုင်နှုန်းအားဖြင့် ၆၉ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ စစ်ကိုင်းတိုင်းဟာ နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးရှိခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဒေသကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၄,၈၂၂ လုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ရာခိုင်နှုန်းအားဖြင့် ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ကျန်ပျက်စီးဆုံးရှုံးခဲ့တဲ့ ၁,၉၄၇ အိမ်၊ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၇ ရာခိုင်နှုန်း ကတော့ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ထဲက နေအိမ်၊ အဆောက်အုံတွေဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ၂၀၂၂ ခုနှစ်၊ မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံးထက်မနည်း ရှိခဲ့ပါတယ်။ အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက် (လအလိုက်) ထဲမှာ ယခုလအတွင်း ဖျက်ဆီးခံရတဲ့ပမာဏာကတော့ တနှစ်တာအတွင်း အများဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာ စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံး၊ မကွေးတိုင်းက ၂,၁၄၃ လုံး၊ ရှမ်းပြည်နယ်က အလုံး ၁၁၀၊ မန္တလေးတိုင်းက အလုံး ၃၀၊ ချင်းပြည်နယ်က ၂၉ လုံး၊ ကရင်ပြည်နယ်က ၁၀ လုံးနဲ့ ကယားပြည်နယ်က ၃ လုံးတို့ ပါဝင်ပါတယ်။

Dowload as PDF Version

၂၀၂၂ ခုနှစ်၊ မေ ၁၈ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာ အနည်းဆုံး ၁၈ ရွာမှာ နေအိမ်၊ အဆောက်အအုံ ၃၉၃ လုံးထက်မနည် မီးရှို့၊ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ (LDF/PDF/CDSOM စသည်ဖြင့်) လှုပ်ရှားကြတဲ့ အဓိကဒေသတွေဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က မင်းတန်းကျေးရွာမှာ နေအိမ်၊ အဆောက်အအုံ ၁၀၀ ထက်မနည်း မီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရပြီးတော့ မယ်မသော်ကျေးရွာဟာ ခုနစ်ကြိမ်ထက်မနည်း မီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ 

∎ ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ အခြင်းအရာတွေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံအပြောင်းအလဲ နဲ့ ပဋိပက္ခရေချိန် အတက်၊အကျ စတဲ့ အကြောင်းအရာတွေကို သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့တိုက်ပွဲတွေအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏာ၊ အရပ်သားတွေအပေါ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိကို လေ့လာပြီး အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု​ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်တဲ့ ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ 

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကျိုးဆက် တွေ အရပ်သားထိခိုက်သေဆုံးမှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ တွေကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ အထူးသဖြင့် တိုင်းရင်းသားသတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အခြားလွတ်လပ်သော ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံ စာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ နှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ
စစ်ကိုင်းတိုင်းတွင် နေအိမ်၊ အဆောက်အအုံ အများဆုံးမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၈ ခုတွင် နေအိမ်၊ အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၌ ၅ရက်အတွင်း နေအိမ်၊ အဆောက်အအုံ ၃၉၀ ကျော်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ


Leave a Reply

Your email address will not be published. Required fields are marked *