AnalysisNUMBERS SPEAK

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် အနှစ်ချုပ်

By The Editor | March 17, 2018
The Myanmar Quarterly

၂၀၁၇ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲအပြီး ရလဒ် အနှစ်ချုပ် ညွှန်းကိန်းများ ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာ၊ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ စုစုပေါင်း ကိုးနေရာ (ရာခိုင်နှုန်းအားဖြင့် ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ပါသည်။ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော ပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဖြစ်ပြီး (ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၅၈ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ကာ ပြည်သူ့လွှတ်တော်တွင် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် လေးနေရာ စုစုပေါင်း ခြောက်နေရာ အနိုင်ရရှိခဲ့သည်။

ယခု ကြားဖြတ် ရွေးကောက်ပွဲ ထူးခြားချက် အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက မဲပေးသူ အရေအတွက် ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ် လွှတ်တော်များတွင်မှု မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်၏ ထက်ဝက်နီးပါးခန့် လာရောက် မဲပေးခဲ့ကြပါသည်။

လစ်လပ်မဲဆန္ဒနယ် –  ၁၉ ခု

ပါဝင်ယှဉ်ပြိုင်သည့်ပါတီ – ၂၄ ပါတီ

တစ်သီးပုဂ္ဂလ – ၇ ဦး

ကိုယ်စားလှယ်လောင်း – ၉၄ ဦး

■ ဆန္ဒမဲပေးမှု အခြေအနေ

ပြည်သူ့လွှတ်တော် (၉ နေရာ)

မဲပေးပိုင်ခွင့်ရှိသူ –  ၁,၂၁၂,၄၀၀ ဦး

မဲပေးသူ – ၄၃၀,၄၁၉ ဦး

(၃၅ ဒသမ ၅၀ ရာခိုင်နှုန်းသာ မဲပေးခဲ့)

NLD ၅ နေရာ၊ SNLD ၂ နေရာ၊ USDP နှင့် ANP  တို့ ၁ နေရာစီ နိုင်ခဲ့။

အမျိုးသားလွှတ်တော် (၃ နေရာ)

မဲပေးပိုင်ခွင့်ရှိသူ –  ၆၉၉,၉၆၅ ဦး

မဲပေးသူ – ၂၄၃,၅၉၀ ဦး

(၃၄ ဒသမ ၈၀ ရာခိုင်နှုန်းသာ မဲပေးခဲ့)

၃ နေရာစလုံး NLD နိုင်ခဲ့။

ပြည်နယ်လွှတ်တော် (၇ နေရာ)

မဲပေးပိုင်ခွင့်ရှိသူ –  ၂၂၆,၁၅၃ ဦး

မဲပေးသူ – ၁၁၀,၉၀၀ ဦး

(၄၉ ဒသမ ၀၃ ရာခိုင်နှုန်းသာ မဲပေးခဲ့)

SNLD ၄ နေရာ၊ NLD ၊ USDP နှင့် ANDP တို့ ၁ နေရာစီ နိုင်ခဲ့။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲပေးပိုင်ခွင့် ရှိသူနှင့် မဲပေးသူ အရေအတွက် နှိုင်းယှဉ်ချက်

မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ငါးကြိမ်၌ မဲပေးပိုင်ခွင့် ရှိသူနှင့် ဆန္ဒမဲပေးသူ အရေအတွက် နှိုင်းယှဉ်ချက်

၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ နှစ်ရပ်အကြား ပါတီအလိုက် အနိုင်ရမှု နှိုင်းယှဉ်ချက်

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတို့အကြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပေါ် ထောက်ခံမဲပေးမှု အခြေအနေ နှိုင်းယှဉ်ချက်

၂၀၁၇ ခုနှစ် ဧပြီ ၁ရက်က ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက လစ်လပ်မဲ ဆန္ဒနယ် ၁၉ နေရာအနက် ၁၈ နေရာ ဝင်ပြိုင်ခဲ့ပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်-၁ တွင် ဝင်မပြိုင်နိုင်ခဲ့ပါ။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတို့အကြား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အပေါ် ထောက်ခံမဲပေးမှု အခြေအနေ နှိုင်းယှဉ်ချက်



Leave a Reply

Your email address will not be published. Required fields are marked *