Publications

မြန်မာ့ဖက်ဒရယ်နှင့် ဒီမိုကရေစီအပေါ် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ၏ နားလည်သဘောပေါက်မှုအား ဆန်းစစ်လေ့လာချက်

By ISP Admin | July 30, 2020

သုတေသန စာတမ်း (eBook) ကို ယခု Link တွင် မည်သူအဆို အခမဲ့ download ရယူနိုင်ပါပြီ။

သုတေသနစာတမ်းကို အဓိကမေးခွန်း လေးခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုမေးခွန်းများမှာ –

(၁) နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက ပြုစုထားသော ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဖက်ဒရယ် နိုင်ငံတည်ထောင်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာတမ်းများသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် မည်မျှ ထိရောက်ပါသနည်း။

(၂) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးနှင့် စပ်လျဉ်း၍ အဆိုပါ စာတမ်းမျာက အဓိကထား ဖော်ပြသော အကြောင်းအရာများနှင့် အကြံပြုချက်များမှာ အဘယ်သို့နည်း။

(၃) ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖက်ဒရယ်မူများအကြောင်း ရေးသားထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စာတမ်းများသည် လွှတ်တော် ကိုယ်စား လှယ်များအတွက် လက်တွေ့ အသုံးချနိုင်ဖွယ် ရှိပါသလား။ မရှိခဲ့လျှင် မည်သည့်အရာ လိုအပ် နေပါသနည်း။

(၄) အဆိုပါ အစီရင်ခံစာ၊ စာတမ်းများကို လွှတ်တော် ကိုယ်စားလှယ်များ ပိုမို သုံးစွဲလာစေရန် မည်သည့် အချက်၊ အခြေအနေ၊ အကြောင်းခြင်းရာများ လိုအပ်မည်နည်း တို့ ဖြစ်ပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *