Yaw Min Gyi Zayat

ယောမင်းကြီးဇရပ် (Talk Show) – ဒုတိယမြောက်စကားဝိုင်း (အပိုင်း ၂)

By ISP Admin | September 14, 2018

“အကျပ်အတည်းအတွင်းမှ ခေါင်းဆောင်မှု” ယောမင်းကြီးဇရပ် (Talk Show)
ဒုတိယမြောက်စကားဝိုင်း (အပိုင်း ၂ )

“အိပ်ရင်းမတ်တပ် လမ်းလျှောက်ထွက်နေခြင်းလော… မဟာဗျုဟာမြောက် စွန့်ဦးတီထွင်ခေါင်းဆောင်သူလော…”

Sleep-walker or Strategic Entrepreneur : Leadership in Times of Crisis Talk Show (Part 2)

■ ယောမင်းကြီးဇရပ်ဟု အဘယ့်ကြောင့် အမည်ပေးရပါသနည်း

ယောမင်းကြီး ဦးဘိုးလှိုင် (၁၈၃၀ – ၁၈၈၃) သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ပညာကျော် အမတ်တဦး ဖြစ်ပါသည်။ ဉာဏ်ပညာ ထက်မြက်သည့်အပြင် ဘုရင်ကိုလည်း ဟုတ်တိုင်း မှန်ရာ အရှိကို အရှိအတိုင်း တင်လျှောက်သည့် အတွက် အကြိမ်ကြိမ် မင်းမျက်သင့်ခံရသူ ပညာရှိလည်း ဖြစ်ပါသည်။ ရတနာပုံခေတ် ပြုပြင်ပြောင်းလဲရေးကာလကို ဦးဆောင်ခဲ့သော မှူးမတ်တဦး ဖြစ်ပြီး “ရာဇဓမ္မ သင်္ဂဟကျမ်း” ကဲ့သို့သော အစောပိုင်း မြန်မာ့ အုပ်ချုပ်ရေးပညာ ကျမ်းမျိုးကိုလည်း ပြုစုခဲ့ သူဖြစ်ပါသည်။ ယခု အစီအစဉ်၌ ယောမင်းကြီးဟု ဂုဏ်ပြုရခြင်းမှာ ဦးဘိုးလှိုင်သည် –

(၁) အာဏာရှိသူကို ဟုတ်တိုင်းမှန်ရာ မထောက်မညှာ ပြောဆိုရဲသော
သတ္တိရှိသူ
(၂) ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ရည် ထက်မြက်သူ
(၃)ေ ခတ်ပြင်အမြင် စူးရှမှုရှိသူ ဖြစ်သောကြောင့် ဖြစ်ပါသည်။

“ဇရပ်”ဟူသည်မှာ လူအများတို့ လက်ဖက်ရည်ကြမ်းဝိုင်းထိုင် ဒူးတိုက် ဆွေးနွေးရာ နေရာ၊ အရေးအကြောင်း ရှိပါက စုဝေး တိုင်ပင်နှီးနှောကြရာ နေရာ ဖြစ်ပြီး အများပြည်သူ ပါဝင်နိုင်မှုကိုလည်း ဖော်ညွှန်းသောကြောင့် ဖြစ်ပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *